Microsoft Windows Phone 8.1 အတွက် Software ပိုင်းထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်

date_range 12 July 2017

Microsoft Windows Phone 8.1 အတွက် Software ပိုင်းထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်

visibility 340 Views

                Microsoft ကနေ လွန်ခဲ့တဲ့ ၃ နှစ်ကျော်၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၄ ရက်တုန်းက စတင်ထုတ်ပေးခဲ့တဲ့ Windows OS သုံး Mobile Phone တွေအတွက် Windows Phone 8.1 OS ကို ယခု ၂၀၁၇ ခုနှစ် ဂျုလိုင်လ ၁၁ ရက်နေ့မှာ Software Update ပိုင်းထောက်ပံ့ပေးမှုကို လုံးဝရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ 

                အခုနောက်ပိုင်း Android Phones တွေရဲ့ စွမ်းဆောင်ရည်အလွန်မြင့်မားလာမှုကြောင့် Windows OS ကိုအသုံးပြုထားတဲ့ဖုန်းတွေဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်ထဲက အသုံးပြုမှုမရှိသလောက်နည်းပါးနေပါပြီ။ ဒါပေမယ့် စစ်တမ်းတွေအရ လက်ရှိ Windows Phone တွေထဲမှာ Windows Phone 7, Windows Phone 8 နဲ့ Windows Phone 8.1 ကိုအသုံးပြုနေတာက ၈၀ ရာခိုင်နှုန်းခန့်ရှိနေပြီးတော့ လက်ရှိအချိန်မှာ အဆိုပါ Windows Phone တွေအကုန်လုံး Software Update မရရှိနိုင်တော့တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် လက်ရှိ Windows 10 Mobile OS ကို အသုံးပြုနေတဲ့ Mobile Devices တွေပဲ လက်ရှိ Microsoft ရဲ့ Software Update တွေကိုဆက်လက်ရရှိတော့မှာပါ။

                Windows Phone 8.1 OS ဟာ Microsoft အရင်ကထုတ်ခဲ့တဲ့ Windows Phone 8 OS နဲ့ ယှဉ်ရင် ပြောင်းလဲမှုများစွာပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိ Company ရဲ့ အောင်မြင်တဲ့ Digital assistant ဖြစ်တဲ့ Cortana ပါဝင်ပြီးတော့ အခြား User Interface ပြောင်းလဲမှုတွေအများအပြားပါဝင်ခဲ့တဲ့ OS တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ Android နဲ့ iOS ဖုန်းအရေအတွက်ဟာ ဈေးကွက်ထဲမှာ ၉၉.၆ ရာခိုင်နှုန်းအထိရှိတဲ့အတွက် Windows OS သုံးဖုန်းတွေဟာ မအောင်မြင်ခဲ့ပဲ Microsoft ကိုယ်တိုင်ကတောင် ကိုယ်ပိုင် Lumia Branded Phone တွေထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ 

                လက်ရှိအချိန်မှာ Microsoft က Windows 10 Mobile တွေအတွက် Software Support ပေးနေသေးတယ်ဆိုပေမယ့် တလောကထွက်ရှိခဲ့တဲ့ Windows 10 Creator Update ရဲ့ Features အသစ်တွေဟာ PC အတွက်ပဲ ရည်ရွယ်ခဲ့တာဖြစ်ပြီး Windows 10 Mobile OS အတွက် မပါဝင်ခဲ့ပါဘူး။ တချို့ကတော့ Microsoft ဟာ Mobile OS ကို ၂၀၁၈ အထိပဲ Support ပေးသွားလိမ့်မယ်လို့ ကောက်ချက်ချထားပါတယ်။ 

                Microsoft အနေနဲ့ကတော့ အခုလို Mobile OS တွေအပေါ်ကို အားစိုက်မှုမပြုလုပ်တော့တာနဲ့ ပတ်သတ်ပြီး ဘာတစ်ခုပြောကြားခြင်းမရှိပေမယ့် Windows Phone တွေကို အာရုံစိုက်မှုမရှိတော့တာ လွန်ခဲ့တဲ့နှစ်တွေထဲကဖြစ်ပါတယ်။ အခုအချိန်မှာတော့ Microsoft ဟာ လက်ရှိလူသုံးများနေတဲ့ iOS နဲ့ Android Devices တွေမှာပဲ ပါဝင်ပတ်သတ်သွားဖို့ရှိပါတယ်။ 

References
The Verge
About Author
Assinged Tags
Microsoft Software Update Windows Mobile Windows 8.1 Mobile Windows Phone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed