LG မှ Mid-Range Series အသစ်အနေနဲ့ Q6, Q6+, Q6a စမတ်ဖုန်းများကို မိတ်ဆက်

date_range 11 July 2017

LG မှ Mid-Range Series အသစ်အနေနဲ့ Q6, Q6+, Q6a စမတ်ဖုန်းများကို မိတ်ဆက်

visibility 880 Views

                တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ LG မှ Mid-Range စမတ်ဖုန်းအနေနဲ့ ထုတ်လုပ်မယ့် Q Series အသစ်ကို တရား၀င်မိတ်ဆက်ပေးခဲ့ပြီဖြစ်ပါတယ်။ Q Series အသစ်မှာတော့ LG Q6, LG Q6+ နဲ့ LG Q6a ဆိုပြီး Variant သုံးမျိုးနဲ့ထွက်ရှိလာမှာပါ။ 


                LG ကနေပြီးတော့ ဒီ Q Series တွေကို Flagship ဖြစ်တဲ့ G Series တွေလိုမျိုး Features အချို့ကို စျေးသက်သက်သာသာနဲ့ ၀ယ်ယူအသုံးပြုနိုင်အောင် ထုတ်လုပ်ပေးရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီ LG Q Series တွေမှာ သတိထားမိမှာကတော့ Display ပဲဖြစ်ပါတယ်။  LG Q Series စမတ်ဖုန်းတွေမှာ ဘေးဘောင်ပါးလွှာနေအောင် ပြုလုပ်ထားတာကိုတွေ့မြင်ရမှာမို့လို့ သာမန် Mid-Range စမတ်ဖုန်းတွေကြားထဲမှာတော့ ဒီဇိုင်းအဆန်းဆုံးနဲ့ တွေ့မြင်ရမှာပါ။

               ဒါ့အပြင် Model သုံးခုစလုံးမှာ 5.5 လက်မ မျက်နှာပြင်အကျယ်အ၀န်းရှိပြီး FHD+ Display Resolution ထောက်ပံ့ပေးနိုင်တဲ့အပြင် 18.5:9 Display Ratio ကိုလည်းထောက်ပံ့ပေးနိုင်တဲ့ “FullVision” Display ပါ၀င်လာမှာဖြစ်ပါတယ်။ FullVision Display ကို LG G6 မှာလည်း အသုံးပြုထားပြီး မျက်နှာပြင်အကျယ်အ၀န်းအနေနဲ့ကတော့ LG G6 က 0.2 လက်မ ပိုမိုကျယ်၀န်းပါတယ်။ ဒီ LG Q Series စမတ်ဖုန်းသုံးမျိုးစလုံးမှာတော့ Android O မတိုင်ခင် နောက်ဆုံးထွက်ရှိထားတဲ့ Android 7.1.1 (Nougat) ပါ၀င်လာဦးမှာဖြစ်ပါတယ်။

                ဒါပေမဲ့လည်း ဒီ Q Series တွေမှာ Dual-Camera နဲ့ Fingerprint Scanner တွေပါ၀င်လာမှာမဟုတ်တာကြောင့် အားရစရာသိပ်မကောင်းလှပါဘူး။ Q6, Q6+ နဲ့ Q6a တို့မှာ RAM နဲ့ Internal Storage ပဲကွာခြားသွားပြီး တခြားထူးထူးခြားခြား ဘာမှမကွာသွားပါဘူး။ Q6 အနေနဲ့ RAM 3GB/Internal Storage 32GB, Q6+ အနေနဲ့ RAM 4GB/Internal Storage 64GB, Q6a (or) Q6 Alpha အနေနဲ့ RAM 2GB/Internal Storage 16GB အသီးသီးပါ၀င်လာမှာဖြစ်ပါတယ်။ Processor အနေနဲ့တော့ Qualcomm Snapdragon 435 ကိုပဲ သုံးမျိုးစလုံးမှာ အသုံးပြုထားကိုတွေ့ရမှာပါ။

                LG ကြိုက်တဲ့သူတွေအတွက်တော့ ဒီ Mid-Range စမတ်ဖုန်းလေးတွေဟာ မဆိုးဘူးလို့ ပြောလို့ရပေမဲ့ Snapdragon 435 SoC ကိုအသုံးပြုထားပြီး Fingerprint Scanner မပါ၀င်လာတဲ့အတွက် အခုခေတ် Mid-Range စမတ်ဖုန်းတွေကြားထဲမှာတော့ အရမ်းကြီး Popular ဖြစ်မယ်လို့မထင်ပါဘူး။ ဒီစမတ်ဖုန်းတွေရဲ့ စျေးနှုန်းကိုလည်း လတ်တလောမှာတော့ မသိရှိရသေးပါဘူး။ အသေးစိတ် Specifications အချို့ကိုတော့ သိရှိရသလောက် အောက်မှာဖော်ပြပေးထားပါတယ်။ 

TypeSpecifications
Display5.5" 2160 x 1080; 442 ppi
SoftwareAndroid 7.1.1 Nougat
CPUSnapdragon 435
RAM4GB (Plus)/3GB (Q6)/2GB (Alpha)
Storage64GB (Plus)/32GB (Q6)/16GB (Alpha)
Cameras
13MP rear, 5MP wide-angle front
Battery
3,000mAh
Connectivity
Wi-Fi 802.11 b/g/n, Bluetooth 4.2, NFC
Measurements
142.5 x 69.3 x 8.1mm; 149 g
Colors
Plus: Astro Black, Ice Platinum, Marine Blue;
Q6: Astro Black, Ice Platinum, Mystic White, Terra Gold;
Alpha: Astro Black, Ice Platinum, Terra Gold


References
Android Police
About Author
Assinged Tags
Android LG LG Smartphones LG Smartphones LG Q6 LG Q6 Plus LG Q6a
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed