Trump နဲ့ Putin တို့တွေ့ဆုံခြင်း အထိမ်းအမှတ်အဖြစ် အထူးဒီဇိုင်းထုတ်ထားတဲ့ ဒေါ်လာ (၂၅၀၀) တန် Nokia ဖုန်း

date_range 11 July 2017

Trump နဲ့ Putin တို့တွေ့ဆုံခြင်း အထိမ်းအမှတ်အဖြစ် အထူးဒီဇိုင်းထုတ်ထားတဲ့ ဒေါ်လာ (၂၅၀၀) တန် Nokia ဖုန်း

visibility 620 Views

                Germany နိုင်ငံ Hamburg မြို့မှာ ကျင်းပတဲ့ G-20 Summit မှာ အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှား သမ္မတ Vladimir Putin တို့ရဲ့ ပထမဦးဆုံး တွေ့ဆုံမှု အထိမ်းအမှတ်အဖြစ် Nokia 3310 ဟန်းဆက်ကို Caviar အမည်ရှိ ရုရှားကုမ္ပဏီ တစ်ခုက အထူးဒီဇိုင်းနဲ့ Customize လုပ်ပြီး ရောင်းချလျက်ရှိပါတယ်။

                ရွှေရည်စိမ်ထားတဲ့ သမ္မတ နှစ်ဦးရဲ့ ပုံတူအနုလက်ရာနဲ့ ၎င်းတို့တွေ့ဆုံခဲ့တဲ့ နေရာ၊ ရက်စွဲတို့ကို အဲ့ဒီ့ဖုန်းရဲ့ အနောက်ဘက်မှာ ရိုက်နှိပ်ထားပါတယ်။ ဖုန်းရဲ့ အလယ်က ခလုတ်မှာ G-20 Summit ရဲ့ Logo ကို တွေ့ရမှာ ဖြစ်ပြီး ဖုန်းကိုယ်ထည်ကိုတော့ မာကျောလှတဲ့ Tempered Titanium နဲ့ ပြုလုပ်ထားပါတယ်။ ဒီ ဖုန်းရဲ့ တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ (၂၅၀၀) ခန့်ကျသင့်မှာပါ။

                သမ္မတ နှစ်ဦးရဲ့ မျက်နှာတွေကို ဘေးတိုက်အနေအထားနဲ့ တွေ့မြင်ရပြီး ၎င်းတို့ဟာ အရပ်မျက်နှာ တစ်ခုတည်းကို မျက်နှာမူထားတဲ့ သဏ္ဍာန် ပုံဖော်ထားပါတယ်။ ဒါဟာ အမေရိကန်-ရုရှား ဆက်ဆံရေးကို တိုးတက်စေလိုတဲ့ သမ္မတ နှစ်ဦးရဲ့ တူညီတဲ့ ဆန္ဒကို ဖော်ညွှန်းထားတာ ဖြစ်တယ်လို့ Caviar ကုမ္ပဏီရဲ့ Website မှာ ဖော်ပြထားပါတယ်။

References
The Verge
About Author
Assinged Tags
Nokia Nokia 3310 Donald Trump Vladmir Putin Trump Putin G-20 Summit
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed