Quantum dot နည်းပညာသုံး QLED TV ကို Samsung မှ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

date_range 11 July 2017

Quantum dot နည်းပညာသုံး QLED TV ကို Samsung မှ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

visibility 400 Views

                Samsung Myanmar ဟာ Quantom dot နည်းပညာအသုံးပြုထားတဲ့ QLED TV စီးရီးသစ်ကို မြန်မာနိုင်ငံမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မနေ့က သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

“အခုခေတ်မှာ တီဗွီအရွယ်အစားတွေ ကြီးလာတာနဲ့အမျှ အရည်အသွေးကောင်းတဲ့ ပုံရိပ်အရည်အသွေးကလည်း သုံးစွဲသူတွေရဲ့ အဓိကဦးစားပေး အချက်တစ်ချက် ဖြစ်လာပါတယ်။ အဲ့ဒါကြောင့် Samsung က အခု မိတ်ဆက်လိုက်တဲ့  အရောင်ထွက်အားကောင်းမွန်စေတဲ့ Quantum dot နည်းပညာသစ်ကို အသုံးပြုပြီး ဖန်တီးထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် QLED TV က သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။”

                လို့ Samsung Myanmar ရဲ့ Managing Director Mr. Young Seok Ham က မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

“Samsung QLED တီဗွီမှာ Smart Hub နည်းပညာသစ်ပါဝင်တာကြောင့် သုံးစွဲသူတွေအနေနဲ့ Smart View အက်ပလီကေးရှင်းကို ထည့်သွင်းပြီး စမတ်ဖုန်းကတစ်ဆင့်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။"

                လို့ Mr. Young Seok Ham က ထပ်မံပြောကြားခဲ့ပါတယ်။


                Samsung ရဲ့ QLED TV စီးရီးအသစ်ဟာ DCI-P3 Color Space တိတိကျကျ ဖော်ပြထားနိုင်ခြင်းဖြင့် အရောင်ဖော်ပြနိုင်စွမ်း အထူးအဆင့်မြှင့်တင်ထားပြီး၊ အရောင်ထုထည်ကို ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့်ု ထုတ်လွှတ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် 1500 nits နဲ့ 2000 nits တွေမှာသာ မြင်တွေ့ရတဲ့ အသေးငယ်ဆုံးသော ကွာခြားမှုများကို မည်သည့်အလင်းအနေအထားတွင်မဆို QLED TV များမှာ မြင်တွေ့နိုင်မှာပါ။

                Quantum dots နည်းပညာသုံးထားတဲ့ Samsung QLED TV တွေကို ဘယ်လောက် လင်းတဲ့ပုံရိပ်ဖြစ်စေ၊ မှောင်တဲ့ ပုံရိပ်ဖြစ်စေ ၊ အလင်းရောင်တောက်ပတဲ့ အခန်းတွင်းတွင် ကြည့်ရှုသည်ဖြစ်စေ၊ မှောင်တဲ့ အခန်းတွင်းမှာကြည့်ရှုသည်ဖြစ်စေ ပိုမိုနက်မှောင်သည့်အရောင်တွေနဲ့ အသေးစိတ်ပုံရိပ်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။

                Samsung ရဲ့ QLED TV တွေရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက ကေဘယ်ကြိုးတွေ ရှုပ်ထွေးနေတာ၊ တီဗီချိတ်ထားတဲ့နံရံထူနေတာ၊ တခြား Devices တွေ တီဗွီအောက်တွင် ရှုပ်ထွေးနေတာ စတဲ့ တီဗီကြည့်တဲ့အခါ ကြည့်ရှုသူရဲ့ ခံစားမှုကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေအားလုံးကို ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားထားတာလည်း တွေ့ရပါတယ်။

                Samsung QLED TV တွေမှာ လုံးဝမမြင်ရလုနီးပါး ပျောက်နေတဲ့ Optical ကေဘယ်ကြိုးတစ်ချောင်းတည်းသာ ပါဝင်ပြီး၊ အဆိုပါ Optical cable ကို Connect Box မှာ တခြား Device တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ TV မှာ ရှိသမျှစက်တွေရဲ့ ကြိုးတွေ လာထိုးစရာမလိုတော့ဘဲ၊ ကြိုးတွေရှုပ်ယှက်ခတ်နေတော့မှာ မဟုတ်ပါဘူး။


                နောက်ထပ်ထူးခြားချက်တစ်ခုကတော့ TV ကို နံရံနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်မယ့် “No Gap Wall-Mount” ပါ။ တခြား Wall Mount တွေလို TV ချိတ်ထားတဲ့အခါ TV က နံရံနဲ့ သိသိသာသာကွာနေမှာမဟုတ်ဘဲ၊ နံရံမှာ ပန်းချီကားတစ်ချပ်လို ကပ်နေတဲ့ပုံစံ ခံစားရမှာဖြစ်ပါတယ်။ နံရံမှာ ချိတ်ပြီးမသုံးချင်တဲ့သူတွေအတွက်လည်း ပန်းချီရေးစွဲတဲ့ထောက်နဲ့ ဆင်တူတဲ့ “Samsung Studio Stand”  နဲ့ ပန်းပုတစ်ခုလို ထင်ရတဲ့ “Samsung Gravity Stand” တို့ရှိပါသေးတယ်။


                ဒီ့အပြင် QLED TV တွေမှာ  ပိုမိုအဆင့်မြင့်တင်ထားသော Samsung One Remote ကနေ TV နဲ့ ချိတ်ဆက်ထားတဲ့ကိရိယာအားလုံးကို Remote တစ်ခုတည်းနဲ့ အသုံးပြုထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

                မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်လိုက်တဲ့ Sansung ရဲ့ QLED တီဗွီတွေကို ကြိုတင်မှာယူစနစ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ TV အမျိုးအစား ပေါ်မူတည်ပြီး စျေးနှုန်းက မြန်မာကျပ်ငွေ သိန်း ၄၀ မှ သိန်း ၉၀ အတွင်း ရှိမှာဖြစ်ပါတယ်။


References
Samsung Myanmar
About Author
Assinged Tags
Samsung Quantum dot Samsung QLED TV QLED TV
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed