Google Calendar ကို Today Widget အနေနဲ့ iOS မှာ စ တင်အသုံးပြုလို့ရပြီဖြစ်

date_range 09 July 2017

Google Calendar ကို Today Widget အနေနဲ့ iOS မှာ စ တင်အသုံးပြုလို့ရပြီဖြစ်

visibility 300 Views

                iOS အသုံးပြုသူတွေအနေနဲ့ Google Services တွေအသုံးပြုတဲ့အခါမှာ များသောအားဖြင့် Push Notification နဲ့ App ကနေပဲ ၀င်အသုံးပြုလို့ရတာကြောင့် လုပ်ငန်းဆောင်တာတွေအနည်းငယ်နှောင့်နှေးပါတယ်။ ဒါဟာလည်း iOS ရဲ့ ကန့်သတ်ချက်တွေကြောင့် iOS မှ ပြုလုပ်ပေးထားတဲ့ Services အချို့မှလွဲ Android လို Widget တွေလွယ်လွယ်ကူကူ အသုံးပြုလို့မရခဲ့ပါဘူး။


                အခုအခါမှာတော့ Google Calendar ကို Notification Center ရဲ့ Today နေရာမှာနဲ့ Home Screen ရဲ့ဘယ်ဘက် Widget Page မှာ ထည့်သွင်းအသုံးပြုလာနိုင်ပါပြီ။ Lockscreen ပေါ်မှာလည်းအသုံးပြုနိုင်ပြီး Calendar ပေါ်မှာ ဒီနေ့ နဲ့ မနက်ဖြန်အတွက် Event နှစ်ခုအနည်းဆုံးပြသပေးမှာပါ။ Expand လုပ်လိုက်ရင်တော့ နောက်ထပ် Event လေးခုကိုထပ်မံပြသပေးနိုင်ပြီး စုစုပေါင်း ခြောက်ခုပြသပေးနိုင်မှာပါ။ 

                ဒီ Widget မှာ ပါ၀င်တဲ့ Display Feature ကို iPhone 6S နဲ့ 7 မှာ 3D Touch နဲ့အတူ Event Display ကို Icon ပေါ်ကိုဖိလိုက်တာနဲ့ ပြသပေးနိုင်မှာလည်းဖြစ်ပါတယ်။ Widget ပေါ်က Event ကိုနှိပ်လိုက်ရင်လည်း App ပွင့်လာပြီး သက်ဆိုင်ရာ Event ရဲ့ Full Detail ကိုပြသပေးသွားမှာပါ။ ဒါပေမဲ့လည်း Google Calendar အနေနဲ့ Full Month Preview ကိုတော့ Widget မှာပြုလုပ်နိုင်မှာမဟုတ်ပါဘူး။

References
The Verge
About Author
Assinged Tags
Google Google App iPhone iOS iPad iOS App Related Google Calendar iOS Widget iOS Today Widget
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed