Snapchat App မှာ Paperclips, Backdrops နဲ့ Voice Filters Features များကို အသစ်ထည့်သွင်း

date_range 06 July 2017

Snapchat App မှာ Paperclips, Backdrops နဲ့ Voice Filters Features များကို အသစ်ထည့်သွင်း

visibility 180 Views

                Snapchat App ကနေ ယခုနောက်ဆုံး App Update version မှာ Paperclips, Backdrops နဲ့ Voice Filters Features တွေကို စတင်ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

                Paperclip Feature က ကိုယ်ရိုက်ကူးထားတဲ့ Snaps တွေမှာ Website Link URL တွေကို ထည့်သွင်းနိုင်တဲ့ Feature ပဲဖြစ်ပါတယ်။ ယခင်က Brand Account တွေမှာပဲ ရရှိနိုင်တဲ့ Feature ဖြစ်ပြီး ယခုအချိန်မှာတော့ သုံးစွဲနိုင်ပြီဖြစ်ပါတယ်။ Website Link တွေကို စာရိုက်ပြီးဖော်ပြနိုင်သလို Clipboard ကနေ Copy/Paste လုပ်ပြီးလည်း ဖော်ပြနိုင်မှာပါ။ 

                Backdrops feature ကတော့ ယခင် Snapchat မှာရရှိနေပြီးသား AR Filters တွေနဲ့ဆင်တူပြီး ကင်မရာက ကိုယ့်မျက်နှာကို Detect မပြုလုပ်တော့ပဲ ရုပ်ပုံတစ်ခုကို အသစ်ပါဝင်လာတဲ့ Scissors Ccon ကနေ ဖြတ်ပြီး နောက်ခံ Background ကို နှစ်သက်ရာ Effect ထည့်နိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။


                Voice Filter ကတော့ Snap Videos တွေရိုက်ကူးတဲ့အခါမှာ ကိုယ့်ရဲ့ အသံကို Filter မျိုးစုံပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်။ 

                ဒါ့အပြင် Android Version Update မှာ Geofilter Feature လည်း ပါဝင်လာပါပြီ။ 

                ယခု Snapchat Update ကို Play Store နဲ့ App Store မှာ စတင် Update ပြုလုပ်နိုင်နေပြီဖြစ်ပြီး၊ ယခုလို Feature အသစ်တွေကို Snapchat မှာ ထည့်သွင်းပေးလိုက်တဲ့အတွက် နောက်ထပ် Facebook, Messenger, Instagram တွေမှာလည်း အလားတူ Features တွေကို တွေ့လာရဖို့ရှိပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Applications Snapchat Paperclips Backdrops Voice Filters
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed