Nokia နဲ့ Xiaomi တို့ စီးပွားရေးအကျိုးတူပူးပေါင်းမှုပြုလုပ်

date_range 06 July 2017

Nokia နဲ့ Xiaomi တို့ စီးပွားရေးအကျိုးတူပူးပေါင်းမှုပြုလုပ်

visibility 9520 Views

                နာမည်ကြီး နည်းပညာကုမ္ပဏီနှစ်ခုဖြစ်တဲ့ Nokia နဲ့ Xiaomi တို့ဟာ ဒီနေ့ဟာ အကျိုးတူပူးပေါင်းမှုပြုလုပ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ Nokia ကုမ္ပဏီမှ သတင်းကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အကျိုးတူပူးပေါင်းမှုတွေထဲမှာ ဘာမှသိပ်ပြီး မဆက်နွယ်တဲ့ ဒီလို နည်းပညာကုမ္ပဏီနှစ်ခုပူးပေါင်းတာဟာ မြင်တွေ့နေကြမဟုတ်တာကြောင့် အနည်းငယ်တော့ထူးဆန်းပါတယ်။

                သဘောတူညီမှုအရ ကုမ္ပဏီနှစ်ခုလုံးမှ Cellular စံနှုန်းနဲ့ပတ်သက်တဲ့မူပိုင်ခွင့်တွေကို အသုံးပြုခွင့်ရရှိမှာဖြစ်ပြီး Nokia မှာရှိတဲ့ နည်းပညာအတော်များများကို Xiaomi မှ အသုံးပြုသွားမှာဖြစ်ပါတယ်။  ဒါ့အပြင် Nokia နဲ့ Xiaomi တို့ပူးပေါင်းပြီးတော့လည်း Capacity မြင့်မားပြီး Power အသုံးပြုမှုလျော့နည်းစေမဲ့ Datacenters တွေ၊ Web Providers အများအပြားပေးနိုင်ဖို့နဲ့ IP Routing နည်းပညာအတွက်လည်း Nokia ရဲ့ Network Processor အသစ်ကို အသုံးပြုသွားမယ်လို့ဆိုပါတယ်။ အနာဂတ်မှာလည်း Internet အသုံးပြုနိုင်တဲ့ပစ္စည်းတွေနဲ့အတူ Augmented Reality, Virtual Reality နဲ့ Artificial Intelligence (AI) စတဲ့ နည်းပညာတွေကို ကုမ္ပဏီနှစ်ခုလုံး ပူးပေါင်းပြီး တိုးတက်အောင်ပြုလုပ်သွားမှာပါ။

                Nokia နဲ့ Xiaomi ပူးပေါင်းမှုဟာ စိတ်၀င်စားစရာလည်းကောင်းသလို Xiaomi မှ ထုတ်လုပ်တဲ့ စမတ်ဖုန်းနဲ့ တခြား IT ပစ္စည်းတွေဟာ အရည်အသွေးနဲ့ နည်းပညာမြင့်မားလာဖို့ရှိပါတယ်။ စာရေးသူရဲ့အမြင်မှာတော့ Xiaomi မှ Nokia နဲ့ပူးပေါင်းလိုက်တာဟာ နည်းပညာမြင့်မားဖို့အတွက်ဖြစ်ပြီး နည်းပညာပေါင်းများစွာရှိတဲ့ Nokia အနေနဲ့ စမတ်ဖုန်းစျေးကွက်မှာ နာမည်ရနေတဲ့ Xiaomi ကိုပူးပေါင်းလိုက်တာဟာ နည်းပညာကို စီးပွားရေးအဖြစ်ပြောင်းလဲဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခုဖန်တီးလိုက်တာဖြစ်ဖို့များပါတယ်။

References
Android Police Nokia News
About Author
Assinged Tags
Xiaomi Nokia Patent Business Cooperation Patent Licensing Agreement
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed