စက်တင်ဘာလမှာထွက်ရှိမယ့် Windows 10 Fall Creators Update မှာ Windows 10 Timeline Feature ပါဝင်ဦးမည်မဟုတ်

date_range 05 July 2017

စက်တင်ဘာလမှာထွက်ရှိမယ့် Windows 10 Fall Creators Update မှာ Windows 10 Timeline Feature ပါဝင်ဦးမည်မဟုတ်

visibility 220 Views

                Microsoft ကနေ လက်ရှိ Windows 10 ရဲ့ နောက်ဆုံး Version ဖြစ်တဲ့ Windows 10 Creators Update ကိုမှ ထပ်ပြီး အဆင့်မြှင့်တင်ထားတဲ့ Windows 10 Fall Creators Update ကို လာမယ့် စက်တင်ဘာလမှစတင် Update ပြုလုပ်နိုင်မှာဖြစ်ပြီး Features အတော်များများအသစ်ပါဝင်လာမှာပေမယ့် ယခုနှစ်အစောပိုင်းက ကြေငြာသွားခဲ့တဲ့ Windows 10 Timeline Feature ကိုတော့ ထည့်သွင်းပေးထားမှာမဟုတ်ဘူးလို့ သိရပါတယ်။ 

                Windows 10 Timeline Feature ဆိုတာကတော့ Microsoft နဲ့ သက်ဆိုင်တဲ့ App တွေကို Windows 10 မှာတင်မဟုတ်ဘဲ၊ မည်သည့် iOS, Android Devices မှာပဲဖြစ်ဖြစ် ဖွင့်ထားတဲ့နေရာကနေ ချက်ချင်းပြန်သုံးနိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ Cross-Platform Support ဖြစ်တာကြောင့် Apps တွေကို  Devices တစ်ခုကနေတစ်ခုကို အလွန်မြန်ဆန်စွာကူးပြောင်းပြီး သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါ Features ဟာ လက်ရှိ Apple ရဲ့ iOS နဲ့ macOS တွေမှာရရှိနေတဲ့ Continuity Features နဲ့ဆင်တူတယ်ဆိုပေမယ့် Devices Availability ပိုမိုများပြားတဲ့အတွက် ပိုပြီးအောင်မြင်မှုရရှိနိုင်တယ်လို့ ပြောလို့ရပါတယ်။ 


                ဒါပေမယ့် Microsoft အနေနဲ့ Timeline Feature ကို ယခုထွက်ရှိလာမယ့် Windows 10 Fall Creators Update မှာတော့ ထည့်သွင်းပေးမှာမဟုတ်ပဲ Fall Creators Update ထွက်ရှိပြီးမှ နောက်ထပ် Insider Preview Versions တွေမှာ ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ 

                Windows Insider Version မှာပဲ ဒီနှစ်ထဲမှာ Windows 10 Timeline Feature ကိုရရှိနိုင်မှာဖြစ်ပြီး ပုံမှန် Windows 10 အသုံးပြုနေတဲ့ User တွေအနေနဲ့ကတော့ နောက်နှစ် မတ်လမှာ ထွက်ရှိလာမယ့် Windows 10 Major Update မှာပဲ ရရှိတော့မှာဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Microsoft Windows 10 Fall Creators Update Windows 10 Fall Creators Update Windows 10 Timeline Feature
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed