5,000 mAh Battery ပါ၀င်လာမယ့် Zenfone 4 Max ကို ရုရှားနိုင်ငံမှာ စတင်ရောင်းချမည်

date_range 05 July 2017

5,000 mAh Battery ပါ၀င်လာမယ့် Zenfone 4 Max ကို ရုရှားနိုင်ငံမှာ စတင်ရောင်းချမည်

visibility 620 Views

                Asus မှထုတ်လုပ်ထားတဲ့ Zenfone 4 Max ကို Dual-Lens Camera နဲ့အတူ 5,000 mAh Battery အသုံးပြုထားပြီး စျေးနှုန်းအနေနဲ့လည်း USD $235 မှ စတင်ပြီး ရုရှားနိုင်ငံမှာရောင်းချပေးမယ်လို့ သိရှိရပါတယ်။ 

                Zenfone 4 စမတ်ဖုန်းတွေကို May လကုန်မှာ စတင်ရောင်းချပေးမယ်ဆိုပြီး ကောလဟလတွေ ထွက်ရှိခဲ့ပေမဲ့ Asus ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Jerry Shen ရဲ့ ပြောကြားချက်အရ July လကုန်မှာမှ ကမ္ဘာတစ်၀န်းမှာ စတင်ရောင်းချပေးမယ်လို့သိရှိရပါတယ်။ လက်ရှိမှာတော့ Zenfone 4 Series ထဲက စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Zenfone 4 Max ကို ရုရှားနိုင်ငံမှာ စတင်တွေ့ရှိရတော့မှာပါ။ 

                Zenfone 4 Max မှာ ၅.၅ လက်မ မျက်နှာပြင်အကျယ်အ၀န်းရှိပြီး Full HD ထောက်ပံ့ပေးနိုင်တဲ့ IPS Display ပါ၀င်ပါတယ်။ Camera အနေနဲ့ Back မှာ 13 Megapixel Dual-Lens Camera ပါ၀င်မှာဖြစ်ပြီး Front မှာတော့ 8 Megapixel Camera ပါ၀င်လာမှာဖြစ်ပါတယ်။ Battery အနေနဲ့ 5,000 mAh ပါ၀င်လာမှာဖြစ်ပြီး တခြားစမတ်ဖုန်းတွေနဲ့ Tablet တွေကိုပါ Charging သွင်းပေးနိုင်ဦးမယ်လို့ဆိုပါတယ်။ 

                RAM နဲ့ Internal Storage အတွက် ရွေးချယ်စရာအမျိုးမျိုးရှိပြီး RAM 2GB မှ 4GB အထိ၊ Internal 16GB မှ 64GB အထိ Variant အမျိုးမျိုးထွက်ရှိလာမှာပါ။ Storage Variant ကွာခြားချက်အပေါ်မူတည်ပြီး Snapdragon 425 ဒါမှမဟုတ် 430 SoC ပါ၀င်လာမှာဖြစ်ပါတယ်။


                Sim Tray မှာ Slot သုံးခုရှိပြီး Dual-Sim နဲ့ SD Card ကိုတပြိုင်နက်အသုံးပြုနိုင်မှာမို့လို့ Dual-Sim အသုံးပြုပြီး SD Card လည်းထည့်သွင်းချင်တဲ့သူတွေအတွက် အဆင်ပြေစေနိုင်မှာပါ။ SD Card Slot အနေနဲ့လည်း 256GB အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Zenfone 4 Max မှာ Android 7.0 (Nougat) ကိုအသုံးပြုထားပြီး ASUS ZenUI နဲ့အတူပါ၀င်လာမှာပါ။

                လက်တလောမှာတော့ Zenfone 4 Max ဟာ တခြားနိုင်ငံတွေမှာရောင်းချပေးမှာလားဆိုတာကို မသိရှိရသေးပေမဲ့ Jerry Shen ရဲ့ပြောကြားချက်အရ July လကုန်မှာတော့ Zenfone 4 စမတ်ဖုန်းအားလုံးကို ကမ္ဘာတစ်၀န်းက စမတ်ဖုန်းစျေးကွက်ပေါ်မှာ မြင်တွေ့ရဖို့ရှိပါတယ်။ 

References
Android Authority
About Author
Assinged Tags
Asus Android Nougat Android Nougat Android Smartphones Android Phone Zenfone Zenfone 4 Zenfone 4 Max Asus Smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed