Soda သံဘူးထက် ပိုမိုပေါ့ပါးတဲ့ LG ရဲ့ G Pad IV 8.0 FHD Tablet

date_range 04 July 2017

Soda သံဘူးထက် ပိုမိုပေါ့ပါးတဲ့ LG ရဲ့ G Pad IV 8.0 FHD Tablet

visibility 340 Views

                LG မှ ထုတ်လုပ်ထားတဲ့ LG G Pad IV 8.0 FHD လို့နာမည်ပေးထားတဲ့ နောက်ဆုံးပေါ် Android Tablet ဟာ Soda သံဗူးတစ်ဗူးထက် ပိုမိုပေါ့ပါးပါတယ်။ LG ကုမ္ပဏီမှ ဒီ Tablet ကို လူငယ်တွေအတွက် ရည်ရွယ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကျောပိုးအိတ်နဲ့ ဘေးလွယ်အိတ်တွေထဲ အလွယ်တကူထည့်ပြီးယူဆောင်သွားလို့ရအောင် ထုတ်လုပ်ပေးခဲ့တာလို့ဆိုပါတယ်။ 

                မျက်နှာပြင်အကျယ်အ၀န်း ရှစ်လက်မရှိတဲ့ ဒီ Tablet လေးဟာ Full HD Display (1920 x 1200 Resolution) ကိုထောက်ပံ့ပေးနိုင်ပါတယ်။ အရွယ်အစားမှာ 216.2 x 127.0 x 6.9 millimeters နဲ့ အလေးချိန်အနေနဲ့တော့ 290 grams ရှိပါတယ်။ 

                Specifications တွေအနေနဲ့ Qualcomm Snapdragon 435 SoC, RAM 2GB, Internal Storage 32GB နဲ့ microSD ကို 2TB အထိ Support ပေးထားတဲ့ slot တစ်ခုပါ၀င်ပါတယ်။ Battery အနေနဲ့ 3,000 mAh ပမာဏပါ၀င်ပြီး Camera မှာတော့ 5MP Front နဲ့ Back ပါ၀င်လာမှာဖြစ်ပါတယ်။ Cellular Network ကို LTE အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Android Nougat ကိုလည်း တစ်ပါတည်းအသုံးပြုနိုင်ဦးမှာပါ။

                ဒီ Tablet ကို လက်ရှိအချိန်တော့ ကိုရီးယားနိုင်ငံတွင်းမှာပဲ Korea Won 352,000 (USD $305 ခန့်) နဲ့ ရောင်းချလျက်ရှိပါတယ်။ Color အနေနဲ့လည်း Dark Brown တစ်မျိုးပဲရရှိနိုင်မှာဖြစ်ပါတယ်။ LG မှ LG G Pad IV 8.0 FHD နဲ့အတူ Tablet အတွက် Stand, External Battery နဲ့ Speaker သုံးမျိုးအသုံးပြုနိုင်တဲ့ PlusPack ဆိုတဲ့ Accessory တစ်ခုကိုလည်း Korea Won 82,000 (USD $71 ခန့်) နဲ့ ရောင်းချပေးလျက်ရှိပါတယ်။ 

References
Android Authority
About Author
Assinged Tags
Android LG Android Tablet Lightweight LG G Pad LG G Pad IV 8.0 LG Tablet Light
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed