Sony ရဲ့ ကိုယ်ပိုင် Music Recognition App တစ်ခုဖြစ်တဲ့ Track ID App ကို လာမယ့်စက်တင်ဘာလမှာ ရပ်ဆိုင်းမည်

date_range 04 July 2017

Sony ရဲ့ ကိုယ်ပိုင် Music Recognition App တစ်ခုဖြစ်တဲ့ Track ID App ကို လာမယ့်စက်တင်ဘာလမှာ ရပ်ဆိုင်းမည်

visibility 200 Views

                Sony Mobile Phones တွေမှာ ၂၀၀၅ ခုနှစ်ထဲက စတင်ပါဝင်လာခဲ့တဲ့ Track ID App ဟာ ယခင် Sony Ericsson ခေတ်တွေထဲက သီချင်းတွေကို သိရှိပြီးပြောပြနိုင်တဲ့ Music Recognition App တစ်ခုအနေနဲ့ ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ 

                ဒါပေမယ့် အခုလာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး Track ID ကို ဖျက်သိမ်းတော့မယ်ဆိုတာကတော့ Sony အသုံးပြုသူတွေအတွက် မမျှော်လင့်ထားတဲ့အရာတစ်ခုပါပဲ။

                Sony အနေနဲ့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး၊ အကြောင်းပြချက်တစ်စုံတစ်ရာရှင်းပြတာမျိုး မရှိသေးသလို၊ လောလောဆယ်အချိန်ထိလည်း ယခင် Track ID ကနေတစ်ဆင့် ရှာဖွေထားတဲ့သီချင်းတွေကို အခြား Application ဒါမှမဟုတ် Service တစ်ခုခုကို Export ပြုလုပ်ခွင့်မပေးထားပါဘူး။ အဲ့တော့ တကယ်လို့ ကိုယ်မှတ်ပြီးသိမ်းထားချင်တဲ့ သီချင်းတွေကို Track ID မှာ မှတ်သားထားခဲ့တယ်ဆိုရင် သီချင်းနာမည် List တွေကို စာရွက်ပေါ်မှာချရေးထားတာပဲ အဆင်ပြေတော့မှာပါ။ 


                Sony ကနေ Track ID အသုံးပြုသူတွေကို အခြား Music Recognition App တစ်ခုဖြစ်တဲ့ Shazam App ကို ပြောင်းလဲအသုံးပြုဖို့ အကြံပြုထားတာ တွေ့ရပြီး၊ Shazam အတွက် Download Link ပါ ပေးထားတာ တွေ့ရပါတယ်။ Shazam App ကိုယ်တိုင်ကလည်း နာမည်ကြီး Music Recognition တစ်ခုဖြစ်ပြီး ယခုဆိုရင် Google Voice Commands တွေကိုပါ နားလည်နိုင်နေပြီဖြစ်ပါတယ်။ 

                အခုလို Track ID App ဖျက်သိမ်းသွားတဲ့အတွက် Music Recognition App တွေထဲမှာ Shazam App နဲ့ SoundHound App ပဲ ကျန်တော့မှာဖြစ်ပါတယ်။ SoundHound App ကတော့ Google Voice Commands တွေကိုအသုံးပြုလို့မရသေးပေမယ့် Live သီဆိုထားတဲ့သီချင်းတွေ၊ သီချင်းဖွင့်တာတင်မဟုတ်ပဲ ပါးစပ်ကနေသာမန်အတိုင်းသီဆိုတာတွေကိုပါ သိရှိရှာဖွေပေးနိုင်တဲ့အတွက် Shazam App ထက်တောင် Search Engine ပိုင်းမှာကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ 

                Sony ကနေ အခုလို Signature App တွေကို ဖျက်သိမ်းနေတာဟာ ပထမဆုံးအကြိမ်မဟုတ်ပဲ မနှစ်ကလည်း Live On YouTube app နဲ့ Xperia Album ကနေ PlayMemories Online ကို ဖျက်သိမ်းခဲ့ပါသေးတယ်။ 

References
GSM Arena
About Author
Assinged Tags
Applications Sony Track ID Music Recognition App
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed