Ransomware တိုက်ခိုက်မှုတွေကြောင့် Windows 10 ကို အထူးလျှော့စျေးနဲ့ ရောင်းချပေးရန် Microsoft ကို အိန္ဒိယအစိုးရ တိုက်တွန်း

date_range 02 July 2017

Ransomware တိုက်ခိုက်မှုတွေကြောင့် Windows 10 ကို အထူးလျှော့စျေးနဲ့ ရောင်းချပေးရန် Microsoft ကို အိန္ဒိယအစိုးရ တိုက်တွန်း

visibility 580 Views

                အိန္ဒိယအစိုးရဟာ Windows 10 Operating System ကို အိန္ဒိယနိုင်ငံတွင်းက Windows အသုံးပြုသူ သန်း ၅၀ ကျော်အတွက် အထူးလျှော့စျေးနဲ့ ရောင်းချပေးရန် Microsoft Corporation ကို ဖိအားပေးတိုက်တွန်းလျက်ရှိတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

                WannaCry တို့၊ Petya တို့လို Windows OS ကိုပဲ အဓိကတိုက်ခိုက်တဲ့ Ransomware တွေ သောင်းကျန်းလာတာကြောင့်၊ အိန္ဒိယအစိုးရအနေနဲ့ Windows OS အသုံးပြုတဲ့ နိုင်ငံသားအားလုံး ပိုမိုလုံခြုံမှုရှိတဲ့ Latest Windows 10 OS ကို အသုံးပြုနိုင်စေဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

                Microsoft အနေနဲ့ User တစ်ဦးကို တစ်ကြိမ် ( One-Time Deal ) အနေနဲ့သာ အထူးလျှော့စျေးနဲ့ ရောင်းချပေးရမှာဖြစ်ပါတယ်။

                အိန္ဒိယအစိုးရရဲ့ တောင်းဆိုမှုကို Microsoft India ရဲ့ အထက်လူကြီးတွေဘက် “အကြမ်းဖျဥ်းသဘောတူညီမှု” ပြုထားပြီဖြစ်ကြောင်း၊ အိန္ဒိယဆိုက်ဘာလုံခြုံရေးညှိနှိုင်းရေးမှူး Gulshan Rai က Reuters သတင်းဌာနကို သောကြာနေ့မှာ ဖုန်းနဲ့ အသိပေးခဲ့တယ်လို့ သိရပါတယ်။

                လောလောဆည်မှာတော့ Microsoft India ဘက်က ဒီကိစ္စနဲ့ ပတ်သတ်ပြီး မှတ်ချက်ပေးပြောကြားဖို့ ငြင်းဆန်ထားသလို၊ US မှာရှိတဲ့ Microsoft ရုံးချုပ်ဘက်ကလည်း တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးပါဘူး။

                တကယ်လို့သာ Microsoft အနေနဲ့ အိန္ဒိယရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့မယ်ဆိုရင်၊ တခြားကမ္ဘာ့နိုင်ငံအသီးသီးကလည်း အလားတူတောင်းဆိုမှုမျိုး ပြုလာနိုင်ပါတယ်။

                ပြီးခဲ့တဲ့လက WannaCry Ransomware တိုက်ခိုက်မှုဖြစ်ပြီးကတည်းက အိန္ဒိယအစိုးရဟာ Microsoft နဲ့ စတင်ဆွေးနွေးနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ WannaCry နဲ့ Petya Ransomware တွေဟာ  Microsoft Windows OS ရဲ့ Server Message Block Protocol က Vulnerability ကနေတဆင့် EternalBlue Exploit နဲ့ DoublePulsar Backdoor Tool တွေကို အသုံးချပြီး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ Security Updates မရတော့တဲ့ Windows OS အဟောင်းတွေကို အဓိကထား တိုက်ခိုက်သွားတာဖြစ်လို့ အိန္ဒိယအစိုးရ အနေနဲ့ သူ့ပြည်သူတွေကို Latest Windows OS ကိုပဲ သုံးစေချင်နေတာပါ။

                Windows 10 Upgrade အတွက် ဘယ်လောက်စျေးလျှော့ပေးဖို့ ရှိလဲဆိုတာကို Gulshan Rai က အတိအကျမပြောနိုင်သေးပေမယ့်၊ “ လက်ရှိစျေးနှုန်းရဲ့ လေးပုံတစ်ပုံထက်တောင် နည်းနိုင်တယ်” လို့ ဆိုပါတယ်။

References
Reuters Gadgets NDTV
About Author
Assinged Tags
India Microsoft Windows Windows 10 Operating System Malwares Security Ransomware Microsoft India Windows Upgrade Discount
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed