Xiaomi က ဒေါ်လာ ၁၅၀၀ တန် အိမ်သုံး Laser Projector နှင့် Ninebot Plus Electric Scooter ကို မိတ်ဆက်

date_range 30 June 2017

Xiaomi က ဒေါ်လာ ၁၅၀၀ တန် အိမ်သုံး Laser Projector နှင့် Ninebot Plus Electric Scooter ကို မိတ်ဆက်

visibility 500 Views

                စမတ်ဖုန်းတွေအပြင် အိမ်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံကို ထုတ်လုပ်နေတဲ့ Xiaomi ဟာ ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ပွဲမှာ ဧည့်ခန်းမှာအသုံးပြုနိုင်တဲ့ Laser Projector အသစ်တစ်မျိုးနဲ့ Ninebot Plus Electric Scooter မော်ဒယ်အသစ်တို့ကို မိတ်ဆက်ပြသခဲ့ပါတယ်။

                Xiaomi ကတော့ ၎င်းရဲ့ Laser Projector ဟာ ကမ္ဘာ့ပထမဆုံး ရုပ်ရှင်ရုံတစ်ခုလို အတွေ့အကြုံကိုပေးစွမ်းနိုင်တဲ့ Laser Projector လို့ ပြောခဲပါတယ်။ နံရံကနေ အဝေးဆုံး လက်မ ၂၀ နဲ့ အနီးဆုံး ၂ လက်မ ကနေတင်အများဆုံး လက်မ ၁၅၀ အထိရှိတဲ့ Screen ကိုပြသနိုင်ပြီးတော့ Mi Laser Projector ရဲ့ ဒီဇိုင်းပိုင်းကို နာမည်ကြီး Optical Technology company တစ်ခုဖြစ်တဲ့ Yorkey ကနေ ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ Xiaomi Laser Projector မှာ Brightness ကို 5000 lumens အထိပေးစွမ်းနိုင်ပြီးတော့ သက်တမ်းအနေနဲ့လည်း နာရီပေါင်း ၂၅၀၀၀ အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 



                Xiaomi Laser Projector မှာ တရုတ်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အထောက်အပံ့ပေးနေတဲ့ Appotronics company ရဲ့ Advanced Laser Phosphor Display (ALPD 3.0) နည်းပညာပါဝင်မှာဖြစ်ပြီး မြင့်မားတဲ့ အရောင်စိုပြေမှန်ကန်မှုအတွက်လည်း Texus Instruments Company နဲ့ ပူးပေါင်းပြီး Light Source Optoelectronic Technology နဲ့ DLP Imaging Chip တွေကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။


                နောက်ထပ်တစ်ခုကတော့ Xiaomi Laser Projector မှာ High Power Speaker ၄ လုံးပါဝင်မှာဖြစ်ပြီးတော့ Dolby Digital နဲ့ DTS Sound System ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရုပ်ရှင်ကြည့်သူတွေအနေနဲ့ သီးခြား Sound System ထပ်ဝယ်စရာမလိုလောက်အောင်ကို စွမ်းဆောင်ရည်ကောင်းမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ $1500 ဝန်းကျင်ရှိမှာဖြစ်ပြီး ဂျူလိုင်လ ၄ ရက်နေ့ကစတင်ပြီး ရောင်းချမှာဖြစ်ပါတယ်။


                ဒုတိယမြောက် ထုတ်ခဲ့တဲ့ Product ကတော့ Ninebot Plus Electric Scooter ဖြစ်ပြီး၊ မနှစ်က Ninebot Mini ကို Upgrade လုပ်ထားတဲ့ မော်ဒယ်အသစ်ဖြစ်ပါတယ်။

                Ninebot Plus Electric Scooter မှာ 800W Dual-Motor Engine ပါဝင်မှာဖြစ်ပြီး အမြင့်ဆုံးအရှိန်နှုန်း 18km/h အထိ ရောက်ရှိနိုင်ပြီးတော့ အားတစ်ခါသွင်းထားရုံနဲ့ ၃၅ ကီလိုမီတာအထိ သွားလာနိုင်မှာဖြစ်ပါတယ်။ IP X6 Rating ရှိတဲ့အတွက် မိုးရေလည်း အစိုခံနိုင်ပြီးတော့ ယခင် Ninebot Mini ထက် ပိုမိုကြီးမားတဲ့ 11" Anti-Slip Wheels တွေကို တပ်ဆင်ထားတာပဲဖြစ်ပါတယ်။ ခြေနင်းပြားကိုလည်း ပိုမို ခိုင်ခံ့တဲ့ Magnesium Alloy နဲ့ ပြုလုပ်ထားတဲ့အတွက် 100 Kg weight အထိ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။


                Ninebot Plus မှာ အခြားပြောင်းလဲမှုများစွာပါဝင်လာပြီးတော့ အရင်ဆုံး Headlights တွေကို ဘေးကိုကွေ့တဲ့အခါမှာ Signal မီးအရောင်အတိုင်းပြောင်းလဲနိုင်ပြီဖြစ်ပါတယ်။ Machine Learning စနစ်လည်းပါဝင်ပြီးတော့ စီးနင်းမှုများလာတာနဲ့အမျှ စီးနင်းတဲ့သူရဲ့အမှုအကျင့်နဲ့လိုက်လျောညီထွေပြောင်းလဲသွားပေးမှာဖြစ်ပါတယ်။ နောက်ပြီး ယခင်ကထက် ပိုပြီး စီးနင်းရတာ Stable ဖြစ်လာစေမယ်လို့ ဆိုထားပါတယ်။

                နောက်ထပ်အနေနဲ့ Ninebot Plus မှာ Remote Control ပါဝင်လာပြီးတော့ မိမိသွားလိုရာကို စေခိုင်းနိုင်သလို Intelligent Following Mode ပါဝင်တဲ့အတွက် သင်လမ်းလျှောက်သွားတဲ့အချိန်မှာ အနောက်ကလိုက်နေမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Ninebot Plus မှာ Optional အနေနဲ့ Ninebot Plus Camera ကို ဝယ်ယူတပ်ဆင်နိုင်ပြီး၊ အဆိုပါ ကင်မရာဟာ 3-axis OIS, 1080p Full HD Recording နဲ့ 104 Degrees Wide Angle Lens ပါဝင်မှာဖြစ်ပြီး မိမိရဲ့လက်ကိုင်ဖုန်းဆီ ရိုက်ကူးနေတဲ့ ဓါတ်ပုံ၊ ဗီဒီယိုတွေကို အချိန်နဲ့တပြေးညီ ပို့ပေးနိုင်မှာဖြစ်ပါတယ်။


                Xiaomi Ninebot Plus ရဲ့ ဈေးကိုတော့ $515 (3499 Yuan) သတ်မှတ်ထားပြီး လာမယ့် ဂျူလိုင်လ ၁၁ ရက်နေ့မှ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

References
Android Authority
About Author
Assinged Tags
Xiaomi Gadgets Electric Scooter Ninebot Mini Ninebot Plus Laser Projector Projector Home Appliances Xiaomi Laser Projector
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed