အဆင့်မြှင့်တင်မှုအများအပြားပြုလုပ်ထားတဲ့ Snapdragon 450 SoC ကို Qualcomm မိတ်ဆက်

date_range 29 June 2017

အဆင့်မြှင့်တင်မှုအများအပြားပြုလုပ်ထားတဲ့ Snapdragon 450 SoC ကို Qualcomm မိတ်ဆက်

visibility 800 Views

                Qualcomm ဟာ Snapdragon 400 series တွေထဲမှာ နောက်ဆုံးအနေနဲ့ Snapdragon 435 ကို ထုတ်လုပ်ခဲ့တာ အချိန်အတော်ကြာမြင့်ခဲ့ပြီးနောက်မှာတော့ Mid-Range Smartphones တွေအတွက် Snapdragon 450 SoC အသစ်ကို ယခုတရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာကျင်းပနေတဲ့ MWC ပွဲမှာ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

                Snapdragon 400 Series တွေကို အရင်က 28nm နဲ့ပဲ ထုတ်လုပ်ခဲ့ပေမယ့်၊ ယခုထုတ်လုပ်လိုက်တဲ့ Snapdragon 450 ကိုတော့ 14nm နဲ့ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် Qualcomm ရဲ့ Snapdragon 450 အသုံးပြုတဲ့ Mobile Device အားလုံးဟာ Processor အတွက် 14nm သာနေရာပေးရတဲ့အတွက်ကြောင့် ကျန်တဲ့အစိတ်အပိုင်းတွေအတွက် ပိုမိုနေရာပေးလာနိုင်မှာဖြစ်ပါတယ်။

                Qualcomm အနေနဲ့တော့ Snapdragon 450 မှာ အဓိကမြှင့်တင်ခဲ့တဲ့ အစိတ်အပိုင်း ၄ ခုအကြောင်း ပြောပြခဲ့ပါတယ်။ အဆိုပါ ၄ ခု ကတော့ 


CPU နှင့် GPU တိုးတက်လာခြင်း

                Snapdragon 435 ထက် Performance ပိုင်းနဲ့ Graphic ပိုင်းတွင် ၂၅ ရာခိုင်နှုန်းထိ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။ GPU မှာလည်း Adreno 506 ကို အသုံးပြုထားတာကြောင့် Graphic Performance ပိုင်းမှာ Snapdragon 625 နဲ့ တူညီတဲ့စွမ်းဆောင်မှုကို ပေးစွမ်းနိုင်မှာပါ။


Battery သက်တမ်းပိုမိုကြာရှည်ခံခြင်း

                Snapdragon 435 ထက် ၄နာရီကြာ ပိုမိုအသုံးပြုနိုင်မှာဖြစ်ပြီး Game ဆော့နေတဲ့အချိန်တွေမှာ ဖုန်းရဲ့ Battery စားနှုန်းကို ၃၀ ရာခိုင်နှုန်းထိ လျော့ချပေးသွားမှာဖြစ်ပါတယ်။ Quick Charge 3.0 ကို Support ပြုလုပ်ထားတဲ့အတွက် ဖုန်းရဲ့ Battery ကို 0% ကနေ 85% ထိကို ၃၅မိနစ်ခန့်နဲ့ ပြန်လည်အားသွင်းနိုင်မှာဖြစ်ပါတယ်။

Camera နှင့် Multimedia ပိုင်း ပိုမိုကောင်းမွန်လာခြင်း

                Snapdragon 400 Series များထဲမှာတော့ Snapdragon 450 ဟာပထမဆုံးကင်မရာမှာ Bokeh ထည့်သွင်းလာနိုင်တဲ့ Processor ဖြစ်လာပါတယ်။ Dual Camera စနစ်ကိုထောက်ပံပေးထားပြီးတော့ 13MP +13MP ထိ တပ်ဆင်လာနိုင်မှာဖြစ်တဲ့အပြင် Single Camera အသုံးပြုပါက 21MP ထိတပ်ဆင်နိုင်မှာပါ။ Video Recording တွေအတွက် 1080p အထိ ရိုက်ကူးနိုင်မှာဖြစ်ပြီး၊ ပြန်လည်ကြည့်ရှုတဲ့အခါ  60FPS Playback အထိ ရမှာဖြစ်ပါတယ်။ Slow motion Video Recording ပြုလုပ်နိုင်ရန်အတွက်လည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ရုပ်ထွက်အရည်အသွေးကိုလည်း 1920x1200 Full HD အရည်အသွေးထိ ထောက်ပံ့ပေးထားပါတယ်။

Connectivity နှင့် USB ပိုင်း ပိုမိုကောင်းမွန်လာခြင်း

                Snapdragon 450 မှာ LTE အထိ ထောက်ပံ့ပေးထားပြီး 300Mbps နှင့် upload Speed ကိုတော့ 150Mbps ထိအများဆုံးပြုလုပ်နိုင်မှာဖြစ်ပါတယ်။ USB 3.0 ထိထောက်ပံပေးထားတာကြောင့် Data file များအကူးအပြောင်းပြုလုပ်ရာမှာ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

                Snapdragon 450 ကိုတော့ ၂၀၁၇ ခုနှစ်ရဲ့ တတိယနှစ်ဝက်လောက်မှာ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး Mobile နဲ့ Tablet တွေမှာတော့ ၂၀၁၇ ခုနှစ်ရဲ့ စတုတ္ထနှစ်ဝက်လောက်မှာ စတင်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Snapdragon 450 ကို ဘယ် စမတ်ဖုန်းက ပထမဆုံးသုံးစွဲလာမလဲဆိုတာကတော့ ကျနော်တို့စောင့်ကြည့်ရဦးမှာပါ။

                နောက်ထပ်အနေနဲ့ Qualcomm ကနေ Android Wear တွေအတွက် Snapdragon Wear 1200 Processor ကို လည်း ထပ်မံမိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Processor ဟာ စွမ်းဆောင်ရည်ထက် ပါဝါစားသုံးမှုနည်းပါးပြီး အမြဲတမ်းချိတ်ဆက်နေဖို့ လိုအပ်တဲ့ Wearable ပစ္စည်းတွေအတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပါတယ်။

                Snapdragon Wear 1200 Processor မှာ Single Core 1.3Ghz CPU ပါဝင်ပြီးတော့ Single Display Controller လည်းပါဝင်မှာဖြစ်ပါတယ်။ LTE Category M1 and Category NB1 Modem ပါဝင်မှာဖြစ်ပြီးတော့ အဆိုပါ Modem ကနေ ပါဝါစားသက်သာတဲ့ LTE Network ဆက်သွယ်မှုတွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အခြားဆက်သွယ်မှုတွေအနေနဲ့ Wi-Fi, Bluetooth 4.2 LE, voice over LTE and GPS တွေလည်းပါဝင်ဦးမှာပါ။

                Snapdragon Wear 1200 Processor ဟာ လုံးဝ Smartwatch တွေအတွက်မဟုတ်ပဲ အမျိုးမျိုးသော Wearables တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။


This Article is Contributed by AK
References
XDA Developers Android Police Qualcomm
About Author
Assinged Tags
Smartphones Qualcomm Snapdragon Qualcomm Chipset Wearable Snapdragon 450 14nm Chip Snapdragon Wear 1200 Mid Range Smartphones
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed