iOS 11 အတွက် ပထမဦးဆုံး Public Beta စတင်ထွက်ရှိ

date_range 28 June 2017

iOS 11 အတွက် ပထမဦးဆုံး Public Beta စတင်ထွက်ရှိ

visibility 1640 Views

                 iPhone နဲ့ iPad အသုံးပြုသူတွေအနေနဲ့ iOS 11 ကို အသုံးပြုချင်တယ်ဆိုရင်တော့ ၀မ်းသာစရာသတင်းကောင်းပါပဲ။ iOS 11 ကို Apple မှနေပြီးတော့ Public Beta အနေနဲ့ စ တင်ထုတ်ပေးလိုက်ပြီမို့လို့ iOS အသုံးပြုသူအားလုံး ဒီ Beta Version ကို စ တင်အသုံးပြုနိုင်ပါပြီ။

                ဒီ Public Beta ကိုမပေးခင်မှာ iOS 11 ကို Developers Preview ဆိုပြီး ထုတ်လုပ်ပေးခဲ့ပြီး Second Developer Beta ကိုတော့ လွန်ခဲ့တဲ့အပတ်က ထုတ်ပေးခဲ့ပါသေးတယ်။ နှစ်စဉ်နှစ်တိုင်းလည်း iOS Version အသစ်အတွက် Public Beta ကို ဇူလိုင်လလောက်မှာ ထုတ်ပေးခဲ့ပါတယ်။ Public Beta တိုင်းမှာတော့ Bugs တွေနည်းပါးပေမဲ့လည်း ကိုယ့်ရဲ့ iPhone/iPad ဟာ နေ့စဉ်အသုံးပြုနေရတဲ့ Device တစ်လုံးဆိုရင်တော့ Beta ကိုမတင်သေးပဲ တရား၀င်ထုတ်ပေးတာကိုပဲ စောင့်ဆိုင်းသင့်ပါတယ်။

                အရမ်းဆိုးရွားတဲ့အခြေအနေတွေမှာဆို Beta တင်လိုက်တာနဲ့ Device ဟာ ပန်းသီးပုံလေးမှာပဲ ရပ်နေတတ်တာမျိုးလည်းရှိသေးတာကြောင့် Beta ကို တင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး ကိုယ့် Device ကို iCloud မှာ Backup သေချာလုပ်ထားသင့်ပါတယ်။ မလိုလားအပ်တဲ့ Data ဆုံးရှုံးမှုမဖြစ်ရလေအောင် iTunes မှာလည်း Device တစ်ခုလုံးကို Backup လုပ်ထားသင့်ပါတယ်။ 

                iOS 11 Public Beta ကိုအသုံးပြုချင်တယ်ဆိုရင်တော့ ဒီ Link မှာ၀င်ရောက်ပြီး Apple ID Login ၀င်လိုက်ရုံပါပဲ။ Configuration Profile တစ်ခုသွင်းပြီး စက်ကို Reboot ချလိုက်တာနဲ့ System Update မှာ iOS 11 Public Beta ကိုတင်ဖို့အတွက် Download and Install ဆိုပြီးပေါ်လာမှာပါ။ iOS 11 အတွက် Upgrade/Downgrade ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ဒီ How-To ဆောင်းပါးတစ်ခု မှာ အပြည့်အစုံ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

References
Tech Crunch
About Author
Assinged Tags
iPhone iOS iPad Beta iOS 11 Public Beta iOS Update iOS Public Beta
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed