OnePlus 5 ရဲ့ Benchmark Result ကို လုပ်ယူခဲ့တာမဟုတ်ကြောင်း OnePlus CEO ငြင်းဆို

date_range 27 June 2017

OnePlus 5 ရဲ့ Benchmark Result ကို လုပ်ယူခဲ့တာမဟုတ်ကြောင်း OnePlus CEO ငြင်းဆို

visibility 6140 Views

                OnePlus 5 ဖုန်းရဲ့ Benchmark Result တွေဟာ CPU ကို Overclock လုပ်ပြီး တမင်အမှတ်တွေမြင့်မားနေအောင် မရမကလုပ်ယူထားတယ်လို့ ကောလဟာလထွက်ရှိနေတာကို OnePlus ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Pete Lau ကနေပြီးတော့ ငြင်းဆိုလိုက်ပါတယ်။

                OnePlus 5 ဖုန်းဟာ Benchmark စစ်တဲ့အခါမှာ ဖုန်းရဲ့ Hardware ကိုအရမ်းလိုအပ်တဲ့ Apps တွေ (ဥပမာ- Graphic ကောင်းမွန်တဲ့ ဂိမ်းကြီးတွေကို Run တဲ့အခါမှာ ဖုန်းရဲ့ GPU Rendering နဲ့ CPU Throttle ကိုအမြင့်ဆုံးထားပေးရတဲ့အခြေအနေမျိုး) Run နေတဲ့အတိုင်း မရမက အကောင်းဆုံး Performance နဲ့ အမှတ်တွေကိုရယူခဲ့တယ်လို့ ကောလဟာလတွေ ထွက်ရှိနေခဲ့တာပါ။

                OnePlus CEO ဖြစ်တဲ့ Pete Lau ကနေပြီးတော့ The Indian Express ရဲ့ Interview တစ်ခု မှာ သူများတွေနဲ့မတူညီတဲ့နည်းပညာလမ်းကြောင်းကို အသုံးပြုခဲ့ပေမဲ့ CPU ကို Overheat ဖြစ်စေလောက်တဲ့အထိ OnePlus 5 စမတ်ဖုန်းကို Performance ကောင်းမွန်အောင် အတင်းရယူခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။

                Lau ရဲ့ပြောကြားချက်အရ

တကယ်လို့သာ CPU က Heat တွေ မတရားတက်လာခဲ့ရင် အမြင့်ဆုံး Performance ကိုရရှိမှာမဟုတ်ဘူးလေ။ ကျွန်တော်တို့က CPU ရဲ့ အကောင်းဆုံးအသုံးပြုနိုင်တဲ့အခြေအနေကိုပဲ တိုင်းတာခဲ့ကြတာပါ။ Overclock လုပ်ဖို့ကတော့ ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာတောင် မသိပါဘူး။

                လို့ဖြေကြားခဲ့ပါတယ်။

                Specs တွေအကောင်းဆုံးနဲ့ အထူးခြားဆုံးအနေနဲ့ထွက်ရှိလာတဲ့ OnePlus 5 စမတ်ဖုန်း (ဥပမာ- 8GB RAM) မှာ QHD Display Panel ဘာလို့မပါ၀င်လာရလဲဆိုတာကို Lau မှလည်း

တကယ်တော့ ကျွန်တော်တို့အနေနဲ့ Specification တွေကို လိုသလိုကစားပြီး ဖုန်းကိုထုတ်လုပ်နေတာမဟုတ်ပါဘူး။ OnePlus ကုမ္ပဏီကနေပြီးတော့ Customer တွေကို အကောင်းဆုံးစမတ်ဖုန်း Experience တွေကို ပေးချင်တာပါ။

                လို့ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီအဖြေဟာ Flagship Killer အမည်ခံထားတဲ့ OnePlus 5 စမတ်ဖုန်းတစ်လုံးအတွက် လုံလောက်တဲ့ ဖြေရှင်းချက်တစ်ခုတော့ မဟုတ်ပါဘူး။ 

                OnePlus 5 ရဲ့စျေးနှုန်း မြင့်တက်သွားရတဲ့ကိစ္စကိုလည်း Lau မှ

ကျွန်တော်တို့ စက်ရုံရဲ့ကုန်ကျစရိတ်တွေဟာ CPU နဲ့ Memory ကိုမြှင့်တင်လိုက်တဲ့အချိန်မှာ အတော်လေးမြင့်တက်လာခဲ့ပါတယ်။ ကျွန်တော်တို့ OnePlus 5 မှာလည်း 8GB RAM ကိုအသုံးပြုထားသေးတယ်လေ။ ဒါကြောင့်မို့လို့ ဘူးထုတ်ပိုးမှုကုန်ကျစရိတ်ကလည်း ပိုများသွားတာပါ။

                လို့ပြောကြားသွားခဲ့ပါတယ်။

                ရေစိုခံနိုင်အောင် OnePlus 5 စမတ်ဖုန်းကိုမပြုလုပ်ခဲ့ရတာကလည်း ဖုန်းရဲ့ Design ပိုင်းမှာ ပိုပြီးထူထပ်သွားမှာကြောင့် ဖြစ်ပါတယ်လို့ Lau မှဖြေရှင်းသွားခဲ့ပြီး အသုံးပြုသူတွေရဲ့ အဓိကလိုအပ်ချက်လည်း မဟုတ်လောက်ပါဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ OnePlus 5 မှာလည်း အတိုင်းအတာတစ်ခုထိတော့ ရေစိုခံနိုင်တယ်လို့လည်း ရှင်းပြသွားခဲ့ပြီး ဒီလိုမျိုးရေစိုခံနိုင်တာကို ထည့်မကြေငြာခဲ့တာဟာ Water Damage Warranty ကိစ္စကို OnePlus ကုမ္ပဏီကနေ မဖြေရှင်းချင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ 

                OnePlus 5 ဟာ အရောင်းအသွက်ဆုံး စမတ်ဖုန်းတစ်လုံးဖြစ်တယ်လို့လည်း OnePlus ကုမ္ပဏီဘက်ကနေ ပြောကြားခဲ့ပေမယ့် လက်ရှိအချိန်ထိ ကမ္ဘာတစ်၀န်းလုံးမှာ ဘယ်နှစ်လုံးရောင်းချပြီးပြီလဲဆိုတာကိုတော့ Statistics တွေချမပြသေးပါဘူး။ 

References
Android Central The Indian Express
About Author
Assinged Tags
Android Android Smartphones Android Phone OnePlus 5 OnePlus CPU OnePlus 5 Specifications Waterproof Water Resistance AnTuTu Benchmark Benchmark Result CPU Overclock Performance Water Resistant
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed