ယခုနှစ် Wearable Market မှာ Apple ဦးဆောင်နေပြီး၊ Samsung ဒုတိယနေရာ တက်လှမ်း

date_range 27 June 2017

ယခုနှစ် Wearable Market မှာ Apple ဦးဆောင်နေပြီး၊ Samsung ဒုတိယနေရာ တက်လှမ်း

visibility 600 Views

                Samsung ဟာ ပထမဆုံးအနေနဲ့ နာမည်ကြီး Wearable Brand တစ်ခုဖြစ်တဲ့ Fitbit ကိုကျော်လွန်ပြီး ယခုနှစ် Wearable Market အတွက် ဒုတိယမြောက်အကြီးမားဆုံးနေရာကို  ရယူထားနိုင်ပြီဖြစ်ပါတယ်။ 

                ဈေးကွက်အနေအထားအရကြည့်မယ်ဆိုရင် Samsung က ယခုနှစ် ပထမသုံးလပတ်မှာ စျေးကွက်ဝေစု 12.8 ရာခိုင်နှုန်းနဲ့ ဒုတိယနေရာရရှိနေပြီး Fitbit က 12.2 ရာခိုင်နှုန်းနဲ့ တတိယနေရာမှာရှိနေတာဖြစ်ပါတယ်။ 

                Wearable စျေးကွက်ရဲ့ ပထမဆုံးနေရာကိုတော့ Apple Company ကနေပဲ သိမ်းပိုက်ထားတာဖြစ်ပြီး၊ လက်ရှိအချိန်မှာ Wearable ဈေးကွက်ရဲ့ 53 ရာခိုင်နှုန်းကို Apple က ရယူထားနိုင်တာတွေ့ရပါတယ်။ ဒုတိယနေရာက Samsung ထက်တောင် အများကြီးအသာရထားတာဖြစ်ပါတယ်။ 

                ယခုလို Samsung ကို Wearable ဈေးကွက်မှာ ဒုတိယနေရာရရှိစေခဲ့တာက မနှစ်က စက်တင်ဘာမှာ ကျင်းပခဲ့တဲ့ IFA ပွဲမှာပြသပြီး ရောင်းချခဲ့တဲ့ Samsung Galaxy Gear S3 Smartwatch ကြောင့်လို့ ပြောလို့ရမှာပါ။ 

                အဆိုပါ Samsung Galaxy Gear S3 Smartwatch ဟာ Classic နဲ့ Frontier ဆိုပြီး ၂ မျိုးထုတ်လုပ်ထားတာဖြစ်ပြီး 1.3" Super AMOLED Display, GPS, Heartrate Monitor နဲ့ ရေစိုခံနိုင်တဲ့ IP68 Rating ပါဝင်တဲ့ Tizen OS သုံး Smartwatch အမျိုးအစားတစ်ခုဖြစ်ပါတယ်။

                ယခု စစ်တမ်းကို Strategy Analytics ကနေ ကောက်ယူထားခြင်းဖြစ်ပါတယ်။ 

References
Android Authority Strategy Analyrics
About Author
Assinged Tags
Samsung Smartwatch Market Share
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed