ထွက်ရှိပြီး အချိန်ရက်သတ္တပတ် ၃ ပတ်အတွင်း Jailbreak ပြုလုပ်နိုင်ခဲ့တဲ့ iOS 11 Beta

date_range 26 June 2017

ထွက်ရှိပြီး အချိန်ရက်သတ္တပတ် ၃ ပတ်အတွင်း Jailbreak ပြုလုပ်နိုင်ခဲ့တဲ့ iOS 11 Beta

visibility 1180 Views

                တလောကမှ Apple WWDC 2017 မှာ ကြေငြာသွားခဲ့တဲ့ iOS 11 ကို ယခု Stable Version မထွက်ရှိမီ Developer Beta Version တွေမှာ Jailbreak ရရှိနေပြီပဲဖြစ်ပါတယ်။ 

                အခုလို iOS 11 ကို Jailbreak ပြုလုပ်လို့ရနိုင်ကြောင်းကို ယခုနှစ် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ပြုလုပ်နေတဲ့ MOSEC (Mobile Security Conference) 2017 မှာ ပြသသွားတာဖြစ်ပါတယ်။ အဆိုပါပွဲမှာ iOS 10.3.2 နဲ့ မကြာသေးမီကမှ Update ထပ်မံထွက်ရှိထားတဲ့ iOS 11 Beta 2 Version ၂ မျိုးကို Jailbreak ပြုလုပ်သွားပြီး Jailbreak ပြုလုပ်သွားတဲ့ Tools ရဲ့ User Interface အရ “Liang Chen of Tencent Keen Lab" လို့ ရေးထားတာကို တွေ့ရှိရပါတယ်။ 

                Tencent Keen Group ဆိုတာ ပုံမှန် Apple Devices တွေကို Jailbreak ပြုလုပ်နေကြ Group တစ်ခုမဟုတ်တဲ့အတွက် အခုလိုမျိုး အလွယ်တကူ Jailbreak ပြုလုပ်နိုင်နေတာက Apple က iOS 11 မှာ Security ပိုင်း မြှင့်တင်ထားရဲ့လားဆိုတာအပေါ် မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ 

                လောလောဆယ်တော့ iOS 11 ဟာ Beta အဆင့်မှာပဲရှိနေသေးတာဖြစ်ပြီး စက်တင်ဘာလမှာ Stable Version Update ထုတ်ပေးတဲ့အခါကြရင်တော့ အခုထက်ပိုပြီး Security ပိုင်းကို တင်းကျပ်လာမယ်လို့ ခန့်မှန်းရပါတယ်။


References
Redmond Pie
About Author
Assinged Tags
Jailbreaking iOS 11 Jailbreak
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed