VR180 Format အသစ်ကို YouTube မိတ်ဆက်

date_range 25 June 2017

VR180 Format အသစ်ကို YouTube မိတ်ဆက်

visibility 420 Views

                YouTube CEO Susan Wojcicki ဟာ ကြာသပတေးနေ့တုန်းက ပြုလုပ်ခဲ့တဲ့ VidCon ပွဲမှာ ဗီဒီယို Format အသစ်တစ်ခုဖြစ်တဲ့ VR180 ကို မိတ်ဆက်ခဲ့ပါတယ်။ ဗီဒီယိုဖန်တီးသူတွေအနေနဲ့ အခု VR180 Format ကို အသုံးပြုရင်း VR ဗီဒီယိုတွေကို ပိုမိုလွယ်ကူစွာ ဖန်တီးလာနိုင်မှာပါ။

                ဒီ့အပြင် Google နဲ့ Lenovo, LG, Yi တို့ ပူးပေါင်းကာ အခု မိတ်ဆက်လိုက်တဲ့ VR180 Video Format အသစ်ကို ရိုက်ကူးနိုင်မယ့် ကင်မရာတွေကိုလည်း ထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။


                VR180 Format ဟာ နာမည်အတိုင်းပဲ အရှေ့ဘက်တစ်ခြမ်း ၁၈၀-ဒီဂရီသာ လှည့်ကြည့်လို့ရမှာဖြစ်ပြီး၊ 360-degree video တွေလို အနောက်ထိ လှည့်ကြည့်လို့ ရမှာမဟုတ်ပါဘူး။  YouTube ရဲ့ ပြောကြားချက်အရ ဒီ Format အသစ်ဟာ Desktop မှာကော Mobile မှာပါ Resoultion ကောင်းကောင်းနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး၊ VR Headset တွေမှာလည်း ကြည့်ရှုနိုင်မှာပါ။ ဒီ့အပြင် VR180 Format ကို Live Streaming Videos တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

via GIPHY

“VR ကို ကြည့်ရှုသူပရိတ်သတ်တွေကော၊ ဖန်တီးတဲ့သူတွေကော ပိုမိုလွယ်လွယ်ကူကူ အသုံးချ၊ ကြည့်ရှုနိုင်အောင် လုပ်ချင်ပါတယ်။ 360-degree VR Vides တွေ ရိုက်ကူးရတာက ဖန်တီးသူအများစုအတွက် လွယ်ကူမှုမရှိသလို၊ VR Camera တစ်ချို့ကလည်း စျေးတော်တော်မြောက်နေတာပါ။ ဒါကြောင့် YouTube နဲ့ Daydream အဖွဲ့တို့ ပူးပေါင်းပြီး၊ အခု VR180 Format အသစ်နဲ့ ကင်မရာအသစ်ကို ဖန်တီးခဲ့တာဖြစ်ပြီး၊ ဘယ်သူမဆို VR Videos တွေ ရိုက်ကူးဖန်တီးလာနိုင်မှာပါ”

                လို့ YouTube CEO Wojcicki က ပြောကြားခဲ့ပါတယ်။

                Google အနေနဲ့ VR180 Certification Program ကိုလည်း ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး၊ VR180 Certification နဲ့ ကိုက်ညီတဲ့ ကင်မရာတစ်လုံးကို အခုလာမယ့်ဆောင်းရာသီမှာ ထုတ်လုပ်သွားဖို့ ရှိပါတယ်။

References
Gadgets NDTV The Verge
About Author
Assinged Tags
Google Virtual Reality Youtube 360_videos VR180 Daydream VR Videos
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed