Gmail မှာ File Size အများဆုံး 50MB အထိ လက်ခံနိုင်ပြီ

date_range 04 March 2017

Gmail မှာ File Size အများဆုံး 50MB အထိ လက်ခံနိုင်ပြီ

visibility 50 Views

                အရင်တုန်းက Gmail address တစ်ခုဟာ ဖိုင် Size 25MB အထိပဲ လက်ခံနိင်ပေမယ့်၊ အခုအခါမှာတော့ ဖိုင် Size 50MB အထိ လက်ခံရရှိနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်က ဖိုင်ပို့မယ်ဆိုရင်တော့ အရင်တုန်းကလိုပဲ 25MB အထိပဲ ပို့လို့ရဦးမှာြဖစ်ပါတယ်။

                နည်းနည်းနားရှုပ်သွားမယ်ထင်ပါတယ်။ ဆိုလိုတာက တခြား မေးလ်တစ်ခု ( ဥပမာ - mail.com address ) တစ်ခုကနေ ခင်ဗျားရဲ့ Gmail ကို 50MB ဖိုင်တစ်ခုခု Attachment တွဲပြီး ပို့မယ်ဆိုရင် ဖိုင်တွေကို လက်ခံရယူနိုင်ပြီဖြစ်ပြီး၊ ကိုယ်က ပြန်ပို့ချင်တယ်ဆိုရင်တော့ ဖိုင် Size အများဆုံး 25MB အထိပဲ ပို့လို့ရဦးမှာပါ။ ဒီထက်ကြီးတဲ့ဖိုင်တွေပို့ချင်ရင်တော့ ပို့နေကျအတိုင်း Google Drive ကနေပဲ တဆင့်ပို့လို့ရမှာပါ။

                လက်ခံနိုင်တဲ့ ဖိုင်အရွယ်အစားကို 50MB တိုးပေးလိုက်တာက သိပ်ထူးခြားတဲ့ Update တစ်ခုတော့မဟုတ်ပါဘူး။ ပြီးတော့ အခမဲ့ရတဲ့ Email တော်တော်များများမှာ ပို့နိုင်တဲ့ File Size limit က 20 ဒါမှမဟုတ် 25MB လောက်ကပဲ အများဆုံးဆိုတော့ ကိုယ်က Receive လုပ်နိုင်ရင်တောင် ဟိုဘက်က ပို့လို့ရမှာမဟုတ်ပါဘူး။

                ယခုပြောင်းလဲမှုကို မကြာမီရက်ပိုင်းအတွင်းမှာ Gmail အသုံးပြုသူအားလုံးကို ပေးသွားမှာဖြစ်တယ်လို့ Google က ရေးသားထားပါတယ်။
References
9to5Google The Next Web
About Author
Assinged Tags
Google Email Service Gmail
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed