မကြာခင် WhatsApp ကနေတစ်ဆင့် ဖိုင်အမျိုးအစားမျိုးစုံကို ပေးပို့နိုင်တော့မည်

date_range 24 June 2017

မကြာခင် WhatsApp ကနေတစ်ဆင့် ဖိုင်အမျိုးအစားမျိုးစုံကို ပေးပို့နိုင်တော့မည်

visibility 140 Views

                Facebook ပိုင်ဆိုင်တဲ့ Messaging Software တစ်ခုဖြစ်တဲ့ Whatsapp Messenger ဟာ ပုံမှန်အားဖြင့် အခြား Facebook Messenger, Instagram တို့လို Features အသစ်တွေ အမြဲတမ်းတမ်းထွက်ရှိလေ့မရှိပေမယ့် အခုအချိန်မှာတော့ Features အသစ်တစ်ခုကို စတင်စမ်းသပ်နေပြီဖြစ်ကြောင်းသိရပါတယ်။ 

                အဆိုပါ Features ကတော့ မကြာခင်မှာ Whatsapp အသုံးပြုသူတွေဟာ အချင်းချင်း ဖိုင်အမျိုးအစားမျိုးစုံကို အပြန်အလှန်ပို့ နိုင်တော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Whatsapp App ဟာ ဖိုင်တွေကိုပို့လို့ရနေပေမယ့် PDF Format, Word Documents, Spreadsheets နဲ့ Slides တွေကိုပဲ လက်ခံသေးတာဖြစ်ပါတယ်။ 

                အခုလို ဖိုင်အမျိုးအစားကန့်သတ်ချက်မရှိတော့ပဲ ပို့လို့ရတော့မယ်ဆိုတာက သတင်းကောင်းတစ်ခုဖြစ်ပေမယ့် လက်ရှိကနဦးစမ်းသပ်ချက်တွေအရ iOS မှာ File size 128MB, Android မှာ 100MB နဲ့ Whatsapp Web ကနေဆိုရင်တော့ 64MB ပဲ ပေးပို့နိုင်မှာဖြစ်ပါတယ်။ 


                ဘာကြောင့် အခုလို File Size Limit ထားထားတာလဲဆိုတာကတော့ အတိအကျမသိသေးပေမယ့် အချို့သော Users တွေကိုပဲ ပေးစမ်းသပ်နေတဲ့အချိန်ဖြစ်နေတာ၊ ဒါမှမဟုတ် File Size အလွန်ကြီးတဲ့ 4K Video File မျိုးပို့မယ်ဆိုရင် Whatsapp Servers တွေကျသွားနိုင်တာကြောင့်လို့ပဲ တွေးမိပါတယ်။ 

                ဘာပဲဖြစ်ဖြစ် မကြာခင် Whatsapp ကနေ File အမျိုးအစားအစုံကို ပို့ချင်တဲ့သူတွေအနေနဲ့ ယခင်ကတော့ Google Drive, Dropbox, Mediafire လို Cloud Storage အပေါ်အရင်တင်နေစရာမလိုတော့ပဲ တိုက်ရိုက်တန်းပို့နိုင်တော့မှာဆိုတော့ ယခင်ထက်ပိုပြီး မြန်ဆန်ပြီး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

References
The Next Web
About Author
Assinged Tags
Applications Messaging App WhatsApp
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed