အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး Samsung Customer Service Center ကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

date_range 24 June 2017

အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး Samsung Customer Service Center ကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

visibility 1580 Views

                Samsung ထုတ်ကုန်ပစ္စည်းတွေကို ဝန်ဆောင်မှုပေးဖို့နဲ့ လက်တွေ့ကြည့်ရှုလေ့လာစမ်းသပ်နိုင်ဖို့အတွက် Samsung Customer Service Center အသစ်ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မြန်မာပလာဇာကုန်တိုက်အနီးမှာ ဂျွန်လ ၂၂ ရက်နေ့ (မနေ့က) စတင်ဖွင့်လှစ်လိုက်ပါတယ်။

                အခုဖွင့်လှစ်လိုက်တဲ့ Service Center ကို "Iconic Customer Service Plaza" လို့ နာမည်ပေးထားပြီး၊ အရှေ့တောင်အာရှမှာ အကြီးဆုံး Samsung Service Center ဖြစ်တယ်လို့ Samsung က ဆိုပါတယ်။

                Iconic Customer Service Plaza (Iconic CSP) ကို ပင်မအဆောက်အဦးတစ်ခု အပါအဝင် အဆောက်အဦးအသေး နှစ်ခုနဲ့  ဖွဲ့စည်းတည်ဆောက်ထားတာပါ။

                ပင်မအဆောက်အဦးရဲ့ အရှေ့ဘက်မှာ မိုဘိုင်းဖုန်းနဲ့ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်လျှပ်စစ်ပစ္စည်းများကို လက်တွေ့စမ်းသပ်ကြည့်ဖို့ ထားရှိပေးထားသလို၊ ပြင်ဆင်မှုဆိုင်ရာ Face-to-Face Repair ကောင်တာတွေ၊ သုံးစွဲသူတွေ စောင့်ဆိုင်းနိုင်ဖို့အတွက် ထိုင်ခုံနေရာတွေလည်း ထားရှိထားပါတယ်။ ပင်မအဆောက်အဦးရဲ့ အနောက်ဘက်မှာတော့ မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းများ ပြုပြင်တဲ့နေရာနဲ့ ကိရိယာအပိုပစ္စည်းများထားရှိတဲ့ အခန်းတို့ရှိပါတယ်။

                တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အစရှိတဲ့ ကြီးမားတဲ့ လျှပ်စစ်အိမ်သုံးပစ္စည်းတွေအတွက်ကတော့ တွဲလျက်အဆောက်အဦးအသေးမှာ ဖြစ်ပြီး၊ အဆိုပါအဆောက်အဦးမှာလည်း ပြုပြင်တဲ့အခန်းနဲ့ သုံးစွဲသူတွေ စောင့်ဆိုင်းနိုင်ဖို့ နေရာတွေကို တွေ့ရမှာပါ။ ကြီးမားတဲ့ လူသုံးကုန်လျှပ်စစ်ပစ္စည်းတွေကို ပြင်ဆင်ချင်တဲ့ customer တွေအနေနဲ့ Iconic CSP ရှိ Call Center ကိုခေါ်ဆိုနိုင်ပြီး ကျွမ်းကျင်ပညာရှင်တွေက အိမ်တိုင်ရာရောက် ပြုပြင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                Samsung က ရောင်းချထားတဲ့ ပစ္စည်းအားလုံးကို ကမ္ဘာအေးဘုရားလမ်းမပေါ်က အဆိုပါ Center မှာ သွားရောက်ပြုပြင်နိုင်မှာဖြစ်ပြီး၊ အင်္ဂလိပ် နှင့် ကိုရီးယားဘာသာစကားပြောဆိုနိုင်သည့် စက်ပိုင်းဆိုင်ရာကျွမ်းကျင်ဝန်ထမ်းတွေအပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၃၄ ဦး ရှိတယ်လို့ သိရပါတယ်။

“မိုဘိုင်းဖုန်းဆိုတာ လူတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အရာ ဖြစ်တဲ့အတွက်လည်း ပြင်ဆင်မှုပိုင်းအနေနဲ့ အချိန်တို နာရီပိုင်းအတွင်း ပြင်ဆင်ပေးနိုင်ဖို့စီစဉ်ထားပါတယ်။ တစ်ရက်ကို သုံးစွဲသူ အယောက် ၂၀၀ လောက် ဝန်ဆောင်မှုပေးဖို့ခန့်မှန်းထားပါတယ်။” 

                လို့ Samsung Myanmar ရဲ့ Head of IT and Mobile ကိုဇာနည်ဝင်းထက်က ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

                Iconic ISP မှာ ပြင်ဆင်မှုစောင့်ဆိုင်းနေချိန်အတွင်း Customer တွေအနေနဲ့ ကော်ဖီ၊ မုန့် အစရှိတာတွေကို အခမဲ့ သုံးဆောင်နိုင်ရုံပြီး၊ သတင်းစာ၊စာစောင်တွေလည်း ထားရှိပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

References
Samsung Myanmar
About Author
Assinged Tags
Samsung Smartphones Samsung Electronics Iconic Customer Service Plaza Customer Service Consumer Electronics
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed