Google မှ Play Store မတိုင်ခင် အသုံးပြုခဲ့တဲ့ Android Market Support ကိုရပ်တန့်တော့မည်

date_range 21 June 2017

Google မှ Play Store မတိုင်ခင် အသုံးပြုခဲ့တဲ့ Android Market Support ကိုရပ်တန့်တော့မည်

visibility 260 Views

                Google ကနေ Android 2.1 (Eclair) နဲ့ သူ့ထက်နိမ့်တဲ့ Android Version တွေမှာ အဓိကထားအသုံးပြုခဲ့ရတဲ့ Android Market အတွက် Support ကို ဇွန်လကုန်မှာရပ်တန့်ပစ်တော့မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ရပ်တန့်ပစ်တော့မှာကို Market အသုံးပြုနေသေးသူအတွက် အကြောင်းကြားမှုတွေ ရှိလာမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Android Market ရဲ့ အိုဟောင်းနေပြီဖြစ်တဲ့ API မှာ ဒီလိုမျိုးအကြောင်းကြားပေးဖို့အတွက် ထည့်သွင်းမထားလို့ပါ။ 

                ဒီသတင်းကို Android Developers Blog မှာ Google's Software Engineer တစ်ဦးဖြစ်တဲ့ Maximilan Ruppaner ရဲ့ ရေးသားချက်အရ သိရတာပါ။ Android 2.1 အတွက် Android Market Support ကို ၇ နှစ်ကျော်ကြာတဲ့အထိ Support ပေးခဲ့တဲ့အတွက် ဒီလိုမျိုးဆုံးဖြတ်လိုက်တာဟာ Google ဘက်က မလွန်ဘူးလို့ မြင်မိပါတယ်။ 

                Google ဘက်ကနေ Android 2.1 အတွက် Android Market Support ကိုရပ်တန့်ခဲ့ပေမဲ့ Android 2.2 (Froyo) အသုံးပြုထားတဲ့ စမတ်ဖုန်းတွေအတွက်ကတော့ Google Play Store ကိုအသုံးပြုလို့ရနေဦးမှာပါ။ ဒါပေမဲ့လည်း App Developers တွေအတော်များများဟာ Android 2.2 (Froyo) ထက် Android 2.3 (Gingerbread) အတွက်ပဲ Support ပေးတော့တာမို့ Froyo Version အတွက် App Supporting ပိုင်းဟာလည်း တော်တော်လေး နည်းပါးလာပြီပဲဖြစ်ပါတယ်။ 

                လက်ရှိအချိန်မှာ စျေးသက်သာတဲ့ Android OS အသုံးပြုစမတ်ဖုန်းတွေထဲမှာတောင် Android 4.0 နဲ့အမြင့်ပိုင်း Version တွေကိုအသုံးပြုထားတာမို့ Android 2.1 အတွက် Android Market Support ကိုရပ်တန့်ပစ်လိုက်တာဟာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုတော့ မဟုတ်လောက်ပါဘူး။  

References
Android Central Android Developers Blog
About Author
Assinged Tags
Google Android Android App Google Play Store Eclair Android Version Android Market App Support
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed