နောက်ထွက်မယ့် Vertu ဖုန်းတွေကို TCL Communication မှ ပြောင်းလဲထုတ်လုပ်မည်

date_range 21 June 2017

နောက်ထွက်မယ့် Vertu ဖုန်းတွေကို TCL Communication မှ ပြောင်းလဲထုတ်လုပ်မည်

visibility 600 Views

                နာမည်ကြီး Luxury ဖုန်း Brand တစ်ခုဖြစ်တဲ့ Vertu ကနေပြီးတော့ သူ့ရဲ့ ဖုန်းအသစ် အလုံးရေ ၃သောင်းခန့်ကို UK မှာ TCL Communication နဲ့ စာချူပ်ချူပ်ဆိုလိုက်ပါတယ်။ Vertu ဖုန်းတွေ ထုံးစံအတိုင်း UK က စက်ရုံမှာပဲလက်နဲ့ အနုစိတ်အလှဆင်သွားမှာဖြစ်ပြီး၊ ဖုန်းတစ်လုံးကို အနည်းဆုံး ပေါင် ၇,၅၀၀ လောက် ရှိမယ်လို့ သိရပါတယ်။

                အခုလိုစာချူပ်ချူပ်ဆိုတာဟာ ပြီးခဲ့တဲ့မတ်လက တူရကီသန်းကြွယ်သူဌေးတစ်ခုဖြစ်တဲ့ Hakan Uzan ကနေ မူလ Goldin Holdings ဆီကနေ Vertu ကို ဝယ်ယူပြီးပထမဆုံး ဖြစ်ပါတယ်။ Uzan ကတော့ သူဟာ Vertu ကို အမြင့်ဆုံးအထိရောက်ရှိနိုင်အောင် ဆောင်ရွက်သွားမယ်လို့ဆိုထားပါတယ်။ 

                ယခု Vertu နဲ့ စာချူပ်ချူပ်ဆိုလိုက်တဲ့ TCL Communication ဟာ လက်ရှိ Blackberry Smartphone များကိုထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး Alcatel Brand Mobile Phone တွေကိုလည်းထုတ်လုပ်ပေးလျက်ရှိပါတယ်။ 

                အဆိုပါစာချူပ်အရ နောက်ထွက်ရှိလာမယ့် Vertu ဖုန်းသစ်တွေကို အင်္ဂလန်, ပြင်သစ် တရုတ်, ရုရှား, ဥရောပအနောက်ပိုင်း, အရှေ့အလယ်ပိုင်း နဲ့ အာရှတိုက်မှာ လာမယ့် စက်တင်ဘာလလောက်မှာ စတင်ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။

References
GSM Arena
About Author
Assinged Tags
Smartphones Vertu TCL
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed