လူမျက်လုံးကမြင်ရတဲ့ Resolution အတိုင်း ဖော်ပြပေးမယ့် VR Headset ကို Varjo မှ ထုတ်လုပ်မည်

date_range 20 June 2017

လူမျက်လုံးကမြင်ရတဲ့ Resolution အတိုင်း ဖော်ပြပေးမယ့် VR Headset ကို Varjo မှ ထုတ်လုပ်မည်

visibility 940 Views

                Finland Company တစ်ခုဖြစ်တဲ့ Varjo ဟာ သူတို့ပြုလုပ်နေတဲ့ Codename "20/20" လို့အမည်ပေးထားတဲ့ VR နဲ့ AR Headset ဟာ "Human eye-resolution" အထိရရှိတဲ့ Display ပါဝင်တယ်လို့ ကြေငြာခဲ့ပါတယ်။ အဓိပ္ပါယ်က မျက်လုံးတစ်ဖက်ဆီမှာ 70 Megapixels အရည်အသွေးရှိတဲ့ရုပ်ထွက်ကို သူတို့ VR နဲ့ AR Headset က ပြသပေးနိုင်ပါတယ်တဲ့။

                Finland နိုင်ငံဘာသာစကားအရ"အရိပ်" လို့အမည်ရတဲ့ Varjo Company ဟာ အဆိုပါနည်းပညာကို မှုပိုင်ခွင့်ရယူထားပြီး လူမျက်စိရဲ့အလုပ်လုပ်ပုံကို အတူညီဆုံးကူးယူပြီး Resolution အလွန်မြင့်မားတဲ့ပုံရိပ်ကို ဖန်တီးပေးတာလို့ ပြောခဲ့ပါတယ်။ အဆိုပါနည်းပညာကို ယခင် Microsoft, Nokia, Intel, NVIDIA နဲ့ Rovio Company တွေမှာ လုပ်ခဲ့ဖူးတဲ့ သိပ္ပံပညာရှင်တွေနဲ့တစ်ဆင့်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ Resolution အရ အခြား VR Headset တွေထက် အဆများစွာမြင့်မားပေမယ့် 100 degree Field of View ကတော့ တူညီပါလိမ့်မယ်။ 


                Varjo ရဲ့ Headset မှာ VR တစ်ခုတည်းတင် မဟုတ်ဘဲ၊ ဖောက်ထွင်းမြင်နိုင်တဲ့ Video နည်းပညာကို အသုံးပြုပြီး၊ AR နဲ့ MR (Mixed Reality) နည်းပညာတွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ စမ်းသပ်ပြသမှုမှာ Microsoft ရဲ့ Hololens လိုမျိုး နည်းပညာပုံစံမျိုးဆင်တူတဲ့ အရာဝတ္ထုပုံရိပ်ယောင်တွေကို အခန်းတွင်းမှာ နေရာချပြခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်အောင် ဘယ်လိုအလုပ်လုပ်နိုင်လဲဆိုရင် Varjo ပြောတာကတော့ အဆိုပါ Headset မှာ context display, focus display, optical combiner နဲ့ gaze tracker တွေကိုပေါင်းစပ်ထားတဲ့ လူမျက်လုံးနဲ့မြင်နိုင်တဲ့ Resolution ကိုပေးစွမ်းနိုင်မယ့် Bionic Display ကိုထည့်သွင်းပေးထားတယ်လို့သိရပါတယ်။ ဒါ့အပြင် Headset မှာ Eye Tracking နည်းပညာလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ နည်းပညာအသေးစိတ်ကိုတော့ Varjo က အခုထိသေချာမရှင်းပြရသေးပါဘူး။

                Varjo ကတော့ သူရဲ့ VR နည်းပညာက လက်ရှိ VR နည်းပညာတွေထက် ၁၀ နှစ်မက သာလွန်နေတယ်လို့ ပြောသွားပါတယ်။ အဆိုပါ Company ကနေ Varjo Brand Product တွေကို ယခုနှစ်ကုန်လောက်မှာ စတင်ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

References
Engadget
About Author
Assinged Tags
Augmented Reality Virtual Reality VR Headset Mixed Reality Varjo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed