Facebook ပေါ်က 360-degree ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို VR headset တပ်ပြီး ကြည့်နိုင်မယ့် “Facebook 360” App ကို မိတ်ဆက်

date_range 09 March 2017

Facebook ပေါ်က 360-degree ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို VR headset တပ်ပြီး ကြည့်နိုင်မယ့် “Facebook 360” App ကို မိတ်ဆက်

visibility 390 Views

                360-degree ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို Facebook ကနေ စတင်မိတ်ဆက်ပြီးနောက်၊ အခုဆိုရင် နေ့စဥ် တစ်ကမ္ဘာလုံးက လူပေါင်းများစွာဟာ 360-degree ဓာတ်ပုံ၊ ဗီဒီယိုအမြောက်အများကို Facebook မှာ Upload ပြုလုပ်နေပြီဖြစ်ပါတယ်။

                ဒီလို ထောင်သောင်းချီတဲ့ 360-degree ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို App တစ်ခုတည်းမှာ လွယ်လွယ်ကူကူ ရှာဖွေကြည့်နိုင်ဖို့အတွက် Facebook က သီးသန့် App တစ်ခု ထုတ်ပေးလိုက်ပါပြီ။

                “Facebook 360” လို့အမည်ပေးထားတဲ့ App မှာ Facebook ပေါ်ကို တင်ထားကြတဲ့ 360-degree ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို စိတ်ကြိုက်ရှာဖွေကြည့်နိုင်မှာဖြစ်ပြီး၊ အခုလောလောဆည်တော့ Facebook ရဲ့ Oculus ဌာနဲ့ Samsung ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Gear VR headset မှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
Facebook ရဲ့ ပြောကြားချက်အရ အခုဆိုရင် Facebook ပေါ်မှာ 360 ဗီဒီယို တစ်သန်းကျော်နဲ့ 360 ဓာတ်ပုံ ၂၅ သန်းကျော် ရှိနေပြီဖြစ်တာကြောင့် ကြည့်စရာ ရှားမှာကတော့ ပူစရာကို မလိုပါဘူး။

                “Facebook 360” App မှာ လောလောဆည် အဓိက ကဏ္ဍ ၄ ခု ပါရှိမှာပါ။


                “Explore” tab မှာ မီဒီယာကုမ္ပဏီနဲ့ ဗီဒီယိုရိုက်ကူးထုတ်လုပ်သူတွေကနေ Facebook ပေါ်တင်ထားတဲ့ Popular ဗီဒီယိုတွေကို စိတ်ကြိုက်ရှာဖွေ ကြည့်နိုင်မှာဖြစ်ပါတယ်။

                “Following” မှာတော့ ကိုယ့် Facebook friends တွေ တင်ထားတဲ့ 360-degree ဓာတ်ပုံ၊ ဗီဒီယိုတွေကို မြင်ရမှာပါ။

                “Saved” ကတော့ ကိုယ် Save လုပ်ထားတဲ့ ဓာတ်ပုံ၊ဗီဒီယိုတွေကို ပြန်ကြည့်လို့ရမယ့်နေရာ ဖြစ်ပါတယ်။

                “Timeline” မှာတော့ ကိုယ်တင်ထားတဲ့ 360 ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုပဲ တစ်စုတစ်စည်းတည်း ပြန်ကြည့်နိုင်မှာဖြစ်ပါတယ်။

                ရိုးရိုး Facebook App လိုပဲ၊ “Facebook 360” မှာလည်း ပို့စ်တွေကို Reactions လေးတွေ ပေးနိုင်ပြီး၊ Save နဲ့ Share လုပ်တာလည်း လုပ်ဆောင်နိုင်မှာပါ။ Facebook ရဲ့ ပြောကြားချက်အရ တခြား ဆိုရှယ်လုပ်ဆောင်ချက်တွေလည်း ထပ်မံပါဝင်လာဖို့ရှိတယ်လို့ သိရပါတယ်။

                ယခု “Facebook 360” App ကို Samsung Gear VR ပိုင်ရှင်တွေအနေနဲ့ Oculus Store မှာ သွားရောက် Download လုပ်နိုင်ပါတယ်။  

                Facebook မှာ 360-degree ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်တင်နည်းမသိသေးဘူးဆိုရင် ယခု Link မှာ ကြည့်ရှုနိုင်ပါတယ်။


References
Facebook Newsroom Tech Crunch
About Author
Assinged Tags
Samsung 360 Photos Facebook Applications VR Headset VR Platform Facebook 360 360_videos Gear VR
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed