Gift Card မလိုဘဲ Apple Music ကို တစ်နှစ် ၉၉ ဒေါ်လာနဲ့ Subscribe ပြုလုပ်နိုင်ပြီ

date_range 20 June 2017

Gift Card မလိုဘဲ Apple Music ကို တစ်နှစ် ၉၉ ဒေါ်လာနဲ့ Subscribe ပြုလုပ်နိုင်ပြီ

visibility 260 Views

                Apple Music ကို လစဉ်ကြေးပေးပြီး အသုံးပြုတဲ့ Subscribers တွေအနေနဲ့ အခုအခါ နှစ်စဥ်ကြေးကို ၉၉ ဒေါ်လာစျေးနဲ့ Subscribe ပြုလုပ်နိုင်တဲ့ Option ပါဝင်လာပြီဖြစ်ပါတယ်။

                အရင်တုန်းက တစ်နှစ်စာ Subscribe လုပ်ချင်တယ်ဆိုရင် Gift Card ကနေပဲ လုပ်လို့ ရခဲ့ပြီး၊ Gift Card စျေးကလည်း ၉၉ ဒေါ်လာ စျေး အတူတူပါပဲ။ Apple Music က တစ်လကို တစ်ယောက်တည်းသုံးမယ်ဆိုရင် ၉.၉၉ ဒေါ်လာဆိုတော့ တစ်နှစ်စာ ဝယ်ရင် ဒေါ်လာ ၂၀ လောက် ပိုသက်သာမှာ ဖြစ်ပါတယ်။

                တစ်နှစ်စာ Subscribe ပြုလုပ်နိုင်မယ့် Option ကို အခုမှ Apple Music စတင် အသုံးပြုသူတွေအနေနဲ့ ရရှိနိုင်မှာမဟုတ်ဘဲ၊ အသုံးပြုနေပြီးသားဖြစ်တဲ့ User တွေမှာပဲ ရရှိမှာပါ။

                Apple Music ကို အခု အသုံးပြုနေသူတစ်ယောက်ဆိုရင်တော့ Music App > For You > Account > View Apple ID > Subscriptions > Apple Music Membership ကနေ နှစ်စဉ်ကြေး ၉၉ ဒေါ်လာ Option ကို ရွေးပြီး နှစ်စဉ်ကြေးနဲ့ အသုံးပြုနိုင်ပါတယ်။


                တစ်လချင်း မပေးချင်ဘဲ၊ နှစ်စဉ်ကြေးနဲ့ ပေးချင်သူတွေအတွက် အရင်လို Gift Card ကနေ တဆင့်ဝယ်ယူနေစရာမလိုတော့ဘဲ၊ App ထဲကနေတင် တန်းဝယ်နိုင်တာက တော်တော်အဆင်ပြေသွားတယ်လို့ ပြောရမှာပါ။

                မကြာခင်မှာ Apple Music ကို အခုမှ Sign-Up ပြုလုပ်သူတွေလည်း အစကတည်းက နှစ်စဉ်ကြေးနဲ့ သုံးဖို့ တခါတည်းရွေးချယ်နိုင်အောင် လုပ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

References
The Verge
About Author
Assinged Tags
Apple Music
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed