Cortana ကို Android ပေါ်မှာ Default Assistant အနေနဲ့ အသုံးပြုနိုင်ပြီ

date_range 18 June 2017

Cortana ကို Android ပေါ်မှာ Default Assistant အနေနဲ့ အသုံးပြုနိုင်ပြီ

visibility 2400 Views

                Microsoft ရဲ့ ကိုယ်ပိုင် Digital Assistant ဖြစ်တဲ့ Cortana ဟာ Windows နဲ့ အခြားဆက်စပ်ပစ္စည်းတွေ အပြင် Android နဲ့ iOS ပေါ်မှာပါ အသုံးပြုလို့ရတယ်ဆိုတာကို အတော်များများသိကြမှာပါ။ iOS ပေါ်မှာတော့ Cortana နဲ့ Google ကနေ ပြုလုပ်ထားတဲ့ Google Assistant ကို သက်ဆိုင်တဲ့ App အတွင်းမှာပဲ အသုံးပြုနိုင်ပါတယ်။ Default Assistant အနေနဲ့ iOS မှာ Apple ရဲ့ Siri ဆိုတဲ့ Digital Assistant ကိုပဲအသုံးပြုကြရမှာပါ။ 

                Open Source ဖြစ်တဲ့ Android OS မှာကတော့ မတူပါဘူး။ App Settings > Default App Settings > Assistance & Voice Input နေရာမှာ ကိုယ်အသုံးပြုချင်တဲ့ Digital Assistant ကိုရွေးချယ် အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့လည်း App Developer ကိုယ်တိုင်က Default Assistance အနေနဲ့ အသုံးပြုလို့ရအောင် API ထည့်သွင်းကြေငြာထားမှသာ ပြောင်းလဲလို့ရမှာပါ။ 

                Cortana (Android) ရဲ့ အခုနောက်ဆုံး 2.8.0 Update မှာတော့ Default Assistance Feature ကိုအသုံးပြုလာနိုင်ပါပြီ။ Home ခလုပ်လေးကို ဖိထားတာနဲ့ Cortana Logo နဲ့ ခရမ်းရောင်နောက်ခံ Background ပေါ်လာမှာပါ။ Google Assistant ကိုသုံးရတာ ရိုးအီနေတဲ့သူတွေနဲ့ Google Assistant အသုံးပြုလို့မရသေးသူတွေ Cortana ကိုလောလောဆယ်မှာတော့ အပျင်းပြေစမ်းသုံးကြည့်လို့ရပါပြီ။ Google Assistant လိုပဲ စကားတွေပြောတာ၊ သီချင်းတွေဆိုခိုင်းတာ၊ Event Remind လုပ်ခိုင်းတာ နဲ့အတူ Location တွေကိုရှာခိုင်းတာတွေ Cortana ကိုခိုင်းစေလို့ရပါတယ်။

                Cortana ကိုအသုံးပြုဖို့အတွက် ခက်ခက်ခဲခဲ လုပ်ဆောင်စရာ ဘာမှသိပ်မရှိပါဘူး။ Microsoft Account တစ်ခုတော့ လိုအပ်ပါတယ်။ Account Log-In ၀င်ပြီး သက်ဆိုင်တဲ့ Permissions တွေပေးပြီးရင် စ တင်အသုံးပြုလို့ရပါပြီ (ပြုလုပ်ရတာ အခက်အခဲဖြစ်နေရင်လည်း အောက်မှာပြထားတဲ့ Demonstration Video ကိုကြည့်ရှုပြီး Setup လုပ်ကြည့်နိုင်ပါတယ်)။ 


                Default Assistance ပြောင်းတဲ့အခါမှာလည်း App အတွင်းမှာပဲ Set Default Assistant ဆိုတဲ့နေရာမှာ Go to Settings ကိုနှိပ်ပြီး တစ်ခါတည်းပြောင်းလဲလိုက်လို့ရပါတယ်။ နှိပ်လိုက်တဲ့အခါမှာ ကျွန်တော်အပေါ်မှာ ပြောထားတဲ့ Assistance & Voice Input Settings ကိုတန်းရောက်သွားမှာပါ။ Assist App ဆိုတဲ့နေရာမှာ Google ကနေ Cortana ကိုပြောင်းလဲပေးပြီး Make Cortana Your Assistant လို့ Dialog ပေါ်လာခဲ့ရင် Agree နှိပ်ပေးလိုက်ပါ။ ပြီးသွားပြီဆိုရင်တော့ Cortana ဟာ သင့်ရဲ့ Android ဖုန်းအတွက် Default Digital Assistant ဖြစ်သွားပါပြီ။ 


                Microsoft ကနေ ပြုလုပ်ထားတဲ့ Cortana Digital Assistant ကို  Android စမတ်ဖုန်းတွေအတွက် Google Play Store ကနေ Free Download ရယူနိုင်ပါတယ်။ 

References
Android Police
About Author
Assinged Tags
Features Android Digital Assistant iOS Android App Intelligent Digital Assistant Virtual Assistant Android Tablet Android Phone Home Button Default Assistance Long Press Default
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed