YouTube 360° Video တွေမှာ ဘယ်နေရာကို ကြည့်ရှုမှုများလဲဆိုတာကို Video Creators တွေ ပြန်သိနိုင်တော့မည် 

date_range 18 June 2017

YouTube 360° Video တွေမှာ ဘယ်နေရာကို ကြည့်ရှုမှုများလဲဆိုတာကို Video Creators တွေ ပြန်သိနိုင်တော့မည် 

visibility 200 Views

                YouTube ဟာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလထဲက VR Headset တွေနဲ့ ကြည့်ရှုနိုင်တဲ့ 360° Videos တွေကို စတင် Support ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ 360° Video တွေကို Upload ပြုလုပ်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် Feature တစ်ခုဖြစ်တဲ့ ဘယ်အချိန်မှာ ဘယ်နေရာကို ပရိတ်သတ်အကြည့်များလဲဆိုတဲ့ Heat Map ထုတ်ပေးမယ့် Analysis Tools တွေကို ထုတ်ပေးနေပြီဖြစ်ပါတယ်။


                ဒါပေမယ့် အဆိုပါ Feature ဟာ ကြည့်ရှုနှုန်း ၁၀၀၀ အထက်ရှိတဲ့ Video တွေမှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုလို Heat Map နဲ့ ထုတ်ပေးလိုက်တာက လက်ရှိ 360° Video ထုတ်လုပ်သူတွေကို ပိုပြီး ကောင်းမွန်တဲ့ Video တွေကိုထုတ်လုပ်နိုင်ပြီး အခုထက်ပိုကောင်းတဲ့ VR Content တွေကို ဖန်တီးလာနိုင်ဖို့ YouTube ကမျှော်လင့်ပုံပါပဲ။ 

                ဒါအပြင့် YouTube က 360° Video တွေကို ဖန်တီးသူတွေကို ပိုပြီးအောင်မြင်အောင်ပြုလုပ်နိုင်နည်းလမ်းအချို့ကိုပါ မျှဝေပေးခဲ့ပါတယ်။ Analysis တွေအရ ကြည့်ရှုသူရဲ့ ၇၅ ရာခိုင်နှုန်းဟာ အရှေ့ဘက် 90° ကိုပဲကြည့်နေကြပြီး အခြားနေရာတွေအကုန်လုံးကိုပါ ကြည့်နိုင်အောင် နေရာအနေအထားကို သေချာရိုက်ကူးသင့်တယ်လို့ ပြောခဲ့ပြီးတော့ Video ရဲ့ ဘယ်နေရာကို အဓိကထားကြည့်ရှုရမယ်ဆိုတာကို အခြားအချက်ပြအနေနဲ့ Animations တစ်ခုခုသုံးပြီး ပြသင့်တယ်ဆိုတာကို အကြံပေးခဲ့ပါသေးတယ်။

                နောက်ဆုံး YouTube ကနေ 360° Video နဲ့ VR Video ထုတ်လုပ်ရေးတွေအတွက် အထောက်အကူဖြစ်စေမယ့် VR Creator Labs သင်တန်းကို Los Angeles မြို့မှာ ပြုလုပ်မှာဖြစ်ပြီး၊ လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီလို့ သိရပါတယ်။ VR Creators Lab ဟာ သင်တန်းကာလ ၃ လ ကြာမြင့်မှာဖြစ်ပြီး၊ သင်တန်းပြီးဆုံးတဲ့အခါ VR Production တွေမှာ အထောက်အကူပေးနိုင်ဖို့အတွက် အမြင့်ဆုံး $40,000 လဲ ရရှိနိုင်ဦးမှာဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Virtual Reality Youtube 360_videos VR Creator
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed