Key ထဲမှာတင် Fingerprint Sensor ပါဝင်တဲ့ ‘Modern Keyboard’ အသစ်ကို Microsoft မိတ်ဆက်

date_range 17 June 2017

Key ထဲမှာတင် Fingerprint Sensor ပါဝင်တဲ့ ‘Modern Keyboard’ အသစ်ကို Microsoft မိတ်ဆက်

visibility 420 Views

                Microsoft ဟာ အခုပြီးခဲ့တဲ့ ကြာသပတေးနေ့ ( ဂျွန်လ ၁၅ ရက်နေ့) မှာ Microsoft Modern Keyboard လို့ နာမည်ပေးထားတဲ့ ကီးဘုတ်အသစ်တစ်မျိုးကို တိတ်တဆိတ် မိတ်ဆက်သွားခဲ့ပါတယ်။

                တိတ်တဆိတ်မိတ်ဆက်တယ်လို့ ပြောရခြင်းက၊ Microsoft အနေနဲ့ တရားဝင်သတင်းကြေငြာတာမျိုးမရှိဘဲ ဒီကီးဘုတ်အသစ်ကို သူတို့ရဲ့ US Website မှာပဲ တိတ်တဆိတ်တင်ထားလို့ ဖြစ်ပါတယ်။

                Microsoft Modern Keyboard ကို ၁၂၉.၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ ဘယ်နေ့ စတင်ဝယ်ယူရရှိနိုင်မလဲဆိုတာကိုတော့ မသိရသေးကာ၊ “Coming Soon” လို့ပဲ ရေးသားထားတာ တွေ့ရပါတယ်။

                ဒီကီးဘုတ်ရဲ့ ထူးခြားချက်တစ်ခုကတော့ Microsoft အခေါ် “Hidden Fingerprint Sensor” ပါဝင်လာတာဖြစ်ပြီး၊ တခြား ကီးဘုတ်တွေလို ကီးဘုတ်ကိုယ်ထည်မှာ Fingerprint Reader သက်သက် ပါဝင်မှာမဟုတ်ပါဘူး။ ဒီအစား ညာဘက် Windows Key နေရာမှာ Fingerprint Sensor ပါတဲ့ Key အသစ်တစ်ခုကို ထည့်သွင်းပေးထားတာကြောင့်၊ အမှတ်တမဲ့ဆို Fingerprint Reader ပါလို့ ပါမှန်းတောင် သိသာမှာမဟုတ်ပါဘူး။


                ကီးဘုတ်ကို အလူမီနီယမ်ဖရိန်နဲ့ ပြုလုပ်ထားပြီး၊ Microsoft ကတော့ ကိုယ်ထည်က အရည်အသွေးအမြင့်ဆုံးဖြစ်ကာ၊ လုံးဝပျက်စီးနိုင်ခြေမရှိဘူးလို့ ဆိုထားပါတယ်။ ဒီဇိုင်းကတော့ ပါးတာကလွဲရင် သာမန်ကီးဘုတ်ဒီဇိုင်းအတိုင်း သိပ်ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။

                Windows 10 အသုံးပြုသူတွေအနေနဲ့ အခု Modern Keyboard မှာပါတဲ့ Fingerprint Scanner Key ကနေ Windows Hello စနစ်သုံးစွဲနိုင်မှာဖြစ်ပြီး၊ ကွန်ပျူတာ Log in ဝင်တာဖြစ်ဖြစ်၊ Website တွေမှာ Log in ဝင်ရင်ဖြစ်ဖြစ် ကိုယ့်လက်ဗွေရာကို Fingerprint Key မှာ တင်လိုက်တာနဲ့ အလုပ်ဖြစ်မှာပါ။

                Microsoft Modern Keyboard ကို Windows 8 နဲ့ အထက်၊ macOS 10.10.5 နဲ့အထက်၊ Android 4.2 နဲ့အထက်၊ iOS 8, 9 နဲ့ အထက် OS အမျိုးမျိုးက Bluetooth 4.0 နဲ့အထက် သုံးနိုင်တဲ့ Devices တိုင်းမှာ Wireless ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Wireless မဟုတ်ဘဲ၊ ကြိုးနဲ့ တပ်သုံးချင်ရင်လည်း သုံးနိုင်မှာ ဖြစ်တယ်လို့ Microsoft က Product Page မှာ ရေးသားထားပါတယ်။

                Wireless သုံးဖို့အတွက် အားပြန်သွင်းလို့ရတဲ့ AAA Alkaline ဘက်ထရီ နှစ်လုံး တပါတည်းပါဝင်မှာ ဖြစ်ပြီး၊ အားအပြည့်သွင်းထားရင် ၂ လ လောက်အထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ဒီကီးဘုတ်အတွက် Warranty ကိုတော့ Microsoft က တစ်နှစ်ပေးထားပါတယ်။



References
Gadgets NDTV Microsoft
About Author
Assinged Tags
Microsoft Biometrics Keyboard Fingerprint Scanner Microsoft Modern Keyboard Hidden Fingerprint Sensor Bluetooth Keyboard Wireless Keyboard
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed