Samsung Gaxaly J7 Pro နဲ့ J7 Max ဖုန်းသစ် ၂ မျိုးကို မိတ်ဆက်

date_range 15 June 2017

Samsung Gaxaly J7 Pro နဲ့ J7 Max ဖုန်းသစ် ၂ မျိုးကို မိတ်ဆက်

visibility 1160 Views

                Samsung ကနေ သူရဲ့အရောင်းရဆုံး Budget ဖုန်း Series တစ်ခုဖြစ်တဲ့ Samsung Galaxy J Series အတွက် ဖုန်းသစ် ၂ မျိုးဖြစ်တဲ့ Galaxy J7 Pro နဲ့ J7 Max ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပြသခဲ့ပါတယ်။

                Galaxy J7 Pro ရော J7 Max ရော ကင်မရာကို အဓိကထားတဲ့ဖုန်းတွေဖြစ်ပြီး အရှေ့ရော အနောက်ကင်မရာပါ 13 Megapixels Camera တွေကို အသုံးပြုထားပါတယ်။ Back Camera မှာဆိုရင် Samsung ရဲ့ အမြင့်ပိုင်းဖုန်းတွေမှာပဲအသုံးပြုတဲ့ အလင်းရောင်နည်းပါးတဲ့အခြေအနေမျိုးမှာ ကောင်းကောင်းရိုက်ကူးနိုင်တဲ့ Aperture f 1.7 Lens ကိုတပ်ဆင်ပေးထားပါတယ်။ Selfie အနေနဲ့လည်း Samsung Galaxy S8 မှာ ပါဝင်သလို Live Stickers တွေပါ ပါဝင်လာမှာပါ။ Social Camera Feature လည်းပါဝင်လာမှာဖြစ်ပြီး ကိုယ်နှစ်သက်တဲ့ Facebook, Messenger, WhatsApp နဲ့ အခြား Social Media ပေါ်ကို ချက်ချင်း ဓါတ်ပုံတွေ Share နိုင်ပါလိမ့်မယ်။ 

                Samsung Galaxy J7 Pro မှာ 5.5" Full HD Super AMOLED dispaly ပါဝင်မှာဖြစ်ပြီး Exynos 7870 Octa Core Processor ကို RAM 3GB နဲ့တွဲဖက်အသုံးပြုထားပါတယ်။ Internal Storage အနေနဲ့ 64GB ပါဝင်မှာဖြစ်ပြီး 3600mAh Battery ပါဝင်မှာဖြစ်မှာပါ။ 


                Samsung Galaxy J7 Max မှာတော့ ပိုပြီးကြီးမားတဲ့ 5.7" Full HD IPS LCD Display ပါဝင်ပြီး၊ MediaTek Helio P20 Octa Core CPU ကို RAM 4GB နဲ့ တွဲဖက်ပေးထားပါတယ်။ Internal Storage ကလည်း 64GB ပါဝင်မှာဖြစ်ပြီးတော့ Battery ကတော့ အနည်းငယ်နည်းတယ်လို့ ဆိုလို့ရတဲ့ 3300mAh Battery ပါဝင်မှာဖြစ်ပါတယ်။ J7 Max မှာတော့ ထူးခြားချက်အနေနဲ့ ကင်မရာဘေးပတ်လည်မှာ Notification ပြပေးမယ့် Smart Glow စနစ်ထည့်သွင်းပေးထားတာပါ။


                Galaxy S8 မှာ ပါတဲ့ Samsung Pay စနစ်ကို J7 Pro မှာ ပါဝင်လာတာလည်း တွေ့မြင်ရပြီး၊ J7 Max မှာတော့ စနစ်အသစ်တစ်ခုဖြစ်တဲ့ Samsung Pay Mini ပါဝင်လာတယ်လို့ သိရပါတယ်။ J7 Max မှာ စပါလာတဲ့ Samsung Pay Mini ဟာ NFC မပါဝင်တဲ့ မိုဘိုင်းဖုန်းတွေမှာလည်း ငွေပေးချေမှုလုပ်နိုင်အောင် ပြုလုပ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပြီး၊ NFC စနစ်တွေလို "Tap and Pay" offline ငွေချေမှုတွေ မလုပ်နိုင်ပေမယ့်၊ Mobile Wallet တွေနဲ့ အိန္ဒိယနိုင်ငံသုံး UIP စနစ်တွေနဲ့ အွန်လိုင်းငွေချေမှုတွေတော့ လုပ်နိုင်မှာဖြစ်ပါတယ်။

                ဖုန်း ၂ မျိုးစလုံးကို Metal Body နဲ့ ပြုလုပ်ထားပြီး Black Color နဲ့ Gold Color ရွေးချယ်နိုင်မှာပါ။ Android 7.0 Nougat ကို အသုံးပြုထားပြီး microSD Card ကနေ Storage ကို တိုးချဲ့နိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ Galaxy J7 Max က $280 ဝန်းကျင်ရှိမှာဖြစ်ပြီး J7 Pro ကတော့ $330 ဝန်းကျင်ရှိမှာပါ။ India မှာတော့ June 20 နောက်ပိုင်းစတင်ရောင်းချသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာလည်း မကြာခင်စတင်ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။

References
GSM Arena Gadgets NDTV
About Author
Assinged Tags
Samsung Smartphones Samsung Galaxy J7 Galaxy J7 Max
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed