Gaming Mouse အသစ်နှစ်မျိုးနဲ့ ကမ္ဘာ့ပထမဆုံး ကြိုးမဲ့အားသွင်းစနစ်ပါ Mousepad ကို Logitech မိတ်ဆက်

date_range 14 June 2017

Gaming Mouse အသစ်နှစ်မျိုးနဲ့ ကမ္ဘာ့ပထမဆုံး ကြိုးမဲ့အားသွင်းစနစ်ပါ Mousepad ကို Logitech မိတ်ဆက်

visibility 540 Views

                ကျနော်တို့ အားလုံးဟာ Wireless Charging နည်းပညာကို စမတ်ဖုန်းတွေဆီပဲ အာရုံစိုက်နေချိန်မှာ၊ Logitech ကတော့ ဒီနည်းပညာ တကယ်အသုံးဝင်မယ့် နောက်ထပ်နယ်ပယ်တစ်ခုကို တွေ့ရှိသွားခဲ့ပါပြီ။ ဒါကတော့ Wireless Charging Mousepad ပါ။

                Logitech G Powerplay လို့ နာမည်ပေးထားတဲ့ Mousepad ဟာ ကမ္ဘာ့ပထမဆုံး ကြိုးမဲ့အားသွင်းစနစ်ပါ Mousepad ဖြစ်ပြီး၊ Logitech G903 နဲ့ G703 Gaming Mouse အသစ်နှစ်မျိုးနဲ့ အတူတူ ထွက်ရှိလာတာ ဖြစ်ပါတယ်။

                Logitech G Powerplay ကို ဒေါ်လာ ၁၀၀ စျေး သတ်မှတ်ထားပြီး၊ လာမယ့်သြဂတ်စ်လအတွင်း ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။ Logitech G903 နဲ့ G703 Gaming Mouse နှစ်မျိုးကိုတော့ ဒေါ်လာ ၁၅၀ နဲ့ ဒေါ်လာ ၁၀၀ စျေး အသီးသီးသတ်မှတ်ထားပြီး၊ ဂျွန်လအတွင်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

                Logitech G Powerplay ဟာ Mousepad ထက် စာရင် Wireless Charging System တစ်ခုလို့ ပြောနိုင်ပါတယ်။ Powerplay အောက်ခံကိုယ်ထည်ကနေ လျှပ်စစ်လှိုင်းထုတ်ကိရိယာတစ်ခုကို အသုံးပြုပြီး၊ ၂၇၅x ၃၂၀ မီလီမီတာ မျက်နှာပြင်ပေါ်မှာ လျှပ်စစ်စက်ကွင်းတစ်ခုကို ဖန်တီးပေးပါတယ်။ Powerplay အပေါ်ကို ကိုယ်အသုံးပြုလိုတဲ့ Mousepad တစ်ခု ( cloth ဖြစ်ဖြစ်၊ hard ဖြစ်ဖြစ်) တင်သုံးနိုင်ပြီး၊ Logitech G903 ဒါမှမဟုတ် G703 Wireless Mouse ကို တင်လိုက်တာနဲ့ အလိုလိုအားဖြည့်ပေးနေမှာဖြစ်ပါတယ်။ ဒီစနစ်အသုံးပြုဖို့အတွက် Mouse မှာ POWERCORE module တစ်ခု တပ်ဆင်ရမှာဖြစ်ပြီး၊ လောလောဆည်မှာ အထက်က Mouse အသစ်နှစ်ခုမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။


                Powerplay Wireless Charging System ရဲ့ ထူးခြားချက်က တစ်ခြား ကြိုးမဲ့အားသွင်းစနစ်တွေလို အားသွင်းမယ့်ပစ္စည်းက တစ်နေရာတည်းမှာ  ထား,ထားစရာမလိုဘဲ၊ Mouse ကို ရွှေ့နေရင်း၊ ဂိမ်းကစားနေရင်းမှာလည်း ဆက်တိုက်အားသွင်းထားနိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်လှိုင်းဟာ Mouse ရဲ့ Performance ကို ထိခိုက်စရာအကြောင်းမရှိဘူးလို့ Logitech က ပြောကြားခဲ့ပါတယ်။


                အသစ်ထွက်လာတဲ့ Logitech G903 နဲ့ G703 Gaming Mouse တွေမှာ Logitech ရဲ့ Lightspeed ကြိုးမဲ့နည်းပညာအသစ်လည်း ပါရှိသလို၊ Esports ပရိုဖက်ရှင်နယ်တွေအကုန်လုံးက အကောင်းဆုံး Mouse Sensor လို့ သတ်မှတ်ထားတဲ့ PMW3366 Optical Sensor ကိုလည်း အသုံးပြုထားတာကြောင့်၊ 400 IPS Speed ကျော်နဲ့ အမြန်ဆုံးလှုပ်ရှားရင်တောင် လုံးဝ Lag ခြင်း၊ Delay ဖြစ်ခြင်းမရှိဘဲ တိကျအကောင်းမွန်ဆုံး Responsiveness ကို ရရှိနိုင်မယ်လို့ ဆိုပါတယ်။ DPI range 200 ကနေ 12,000 အတွင်းမှာလည်း အကောင်းဆုံးအသုံးပြုနိုင်မှာပါ။ Left and Right Click က အကြိမ်ရေ သန်း ၅၀ အထိ ခံနိုင်ရည်ရှိပြီး၊ Mouse မှာ ပါတဲ့ Buttons တွေကို Logitech Gaming Software နဲ့ ကိုယ်ကြိုက်တဲ့ Game Commands တွေ ပြောင်းထားလို့ ရပါတယ်။




References
Gadgets NDTV Logitech
About Author
Assinged Tags
Logitech Gaming Mouse Logitech G Powerplay Logitech G903 Logitech G703 Wireless Charging Wireless Charging Mousepad
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed