Apple Chipset ပိုင်းက Micro-Architect ၀န်ထမ်းဟောင်းတစ်ယောက်ကို Google မှခေါ်ယူ

date_range 14 June 2017

Apple Chipset ပိုင်းက Micro-Architect ၀န်ထမ်းဟောင်းတစ်ယောက်ကို Google မှခေါ်ယူ

visibility 220 Views

                Google ဟာ Pixel ထုတ်လုပ်မှုအပေါ်မှာ ဒီထက်ပိုပြီးကောင်းမွန်တဲ့ Device တွေထွက်ပေါ်လာဖို့အတွက် မျိုးစုံကြိုးစားနေပါတယ်။ အခုအခါမှာလည်း Google ကနေပြီးတော့ India လူမျိုး Manu Gulati ကို Lead SOC Architect ရာထူးနဲ့ ခေါ်ယူခဲ့ပါတယ်။ Manu Gulati ဟာ Advanced Micro Devices (AMD) မှာ Member Technical Staff အနေနဲ့ လုပ်သက် ငါးနှစ်၊ Broadcom India Research မှာ Engineering Manager အနေနဲ့ ငါးနှစ်၊ Senior Engineering Manager အနေနဲ့ လေးနှစ်၊ Apple မှာ Micro-Architect အနေနဲ့ ၇ နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရင့်၀န်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ 

                Manu Gulati ဟာ Google က ထုတ်လုပ်မယ့် Pixel စမတ်ဖုန်းသစ်တွေအတွက်ကော ဘယ်လိုမျိုး ထူးခြားတဲ့ စွမ်းဆောင်ရည်မြင့် Chipset တွေကို Design လုပ်ပေးမယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ Apple ရဲ့ “Ax” Series Chipset တွေဟာ iDevices တွေအပေါ်မှာ သိသိသာသာကြီးကို ကောင်းမွန်တယ်ဆိုတာ အထူးတလည် ပြောနေစရာမလိုတော့ပါဘူး။ ARM Based ချင်းအတူတူမှာတောင် Apple ကနေ ပြန်လည်မွမ်းမံထားတဲ့ “Ax” Series Processor တွေဟာ Qualcomm ကနေ ထုတ်လုပ်ထားတဲ့ "Kyro" Microarchitecture Design သစ်ထက် ပိုမိုကောင်းမွန်နေတုန်းပါပဲ။ Apple ရဲ့ iPhone 7 မှာ အသုံးပြုထားတဲ့ "A10 Fusion" Processor ဟာ Quad-Core အထိပဲရှိနေသေးပြီး RAM အနေနဲ့လည်း 2GB ထိပဲအသုံးပြုထားပေမဲ့ အခုထက်ထိတိုင်အောင် စမတ်ဖုန်းစျေးကွက်ထဲမှာ Performance မြင့်မားတဲ့ စမတ်ဖုန်းတစ်လုံးအနေနဲ့ ရပ်တည်နေပါသေးတယ်။

                “A” Series တွေရဲ့ Microarchitecture Design တွေကိုပြုလုပ်ပေးတဲ့အထဲမှာ ပါ၀င်ခဲ့တဲ့ Gulati အနေနဲ့ Google ကနေ ထုတ်လုပ်တဲ့ Pixel စမတ်ဖုန်းတွေအပေါ် Apple လိုမျိုး ကိုယ်ပိုင် Microarchitecture Design နဲ့ ARM Based Processor တွေပြုလုပ်ဖို့ ကြိုးစားမှာလား ဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ လက်ရှိအနေနဲ့ကတော့ Pixel စမတ်ဖုန်းတွေကို Qualcomm က ထုတ်လုပ်ပေးထားတဲ့  Kyro Processor ကိုပဲအသုံးပြုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ဘက်ကုမ္ပဏီရဲ့ ၀န်ထမ်းဟောင်းကိုခေါ်ယူလိုက်တယ်ဆိုကတည်းက Google ဘက်ကနေ နောက်ထွက်ရှိလာမယ့် Pixel စမတ်ဖုန်းတွေကို Apple ရဲ့ iPhone တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေတယ် ဆိုတာသိသာထင်ရှားသွားပါပြီ။ 

References
Android Police
About Author
Assinged Tags
Google Android Pixel iPhone iOS iPad Qualcomm A-Series Chips Google Pixel Qualcomm Chipset Microarchitecture Micro Architect Manu Gulati A Series Processor
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed