စစ်ဘက်ဆိုင်ရာအရည်အသွေးစံနှုန်း MIL-STD-801G Certification ရရှိထားတဲ့ အကြမ်းခံ Samsung Galaxy XCover 4 စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

date_range 10 June 2017

စစ်ဘက်ဆိုင်ရာအရည်အသွေးစံနှုန်း MIL-STD-801G Certification ရရှိထားတဲ့ အကြမ်းခံ Samsung Galaxy XCover 4 စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

visibility 7350 Views

                Samsung ဟာ ကြမ်းတမ်းတဲ့ ပြင်ပပတ်ဝန်းကျင်မှာ အသုံးပြုနိုင်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် Galaxy XCover 4 စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံမှာ ဂျွန်လ ၉ ရက်နေ့က စတင်မိတ်ဆက်လိုက်ပါတယ်။

                Galaxy XCover 4 စမတ်ဖုန်းဟာ  ယခုနှစ် MWC ပွဲမှာ မိတ်ဆက်ပြသခဲ့တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ အရင်က ထွက်ထားတဲ့ XCover 3 ထက် Display ပိုမိုကြီးမားလာကာ၊ ဘေးဘောင်ပိုကျဉ်းသွားပြီး၊ စွမ်းဆောင်ရည်လည်း တော်တော်ပိုမြင့်လာပါတယ်။

                ကြမ်းတမ်းတဲ့အခြေအနေမှာ သုံးဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်တာကြောင့် Performance ကတော့ အမြင့်စားကြီးမဟုတ်ဘဲ၊ လက်အိတ်နဲ့တောင် အသုံးပြုနိုင်တဲ့ ၅ လက်မအကျယ် HD Display ၊ Exynos 7570 Chipset ၊ 1.4GHz Quad-Core Cortex A-53 CPU နဲ့ RAM 2GB တို့ကို အသုံးပြုထားပါတယ်။ Internal Storage အနေနဲ့ 16GB ပါရှိမှာဖြစ်ပြီး၊ microSD ကတ်လည်း 64GB အထိ ထပ်စိုက်နိုင်ပါတယ်။ Android OS ကတော့ International မှာ Nougat နဲ့ ကြေငြာထားပေမယ့်၊ မြန်မာနိုင်ငံတွင်း စတင်ရောင်းချချိန်မှာတော့ Android Marshmallow နဲ့ပဲ လာမှာပါ။ 


                Galaxy XCover 4 ဖုန်းဟာ ရေနဲ့ဖုန်မှုန့်စိမ့်ဝင်နိုင်မှုကနေ ကာကွယ်မှုအဆင့်အမြင့်ဆုံးသတ်မှတ်ချက် IP68 ရရှိထားသလို၊ အမေရိကန်ကာကွယ်ရေးဌာနရဲ့ စစ်ဘက်ဆိုင်ရာအရည်အသွေးစစ်ဆေးမှုစံနှုန်းတစ်ခုဖြစ်တဲ့ “MIL-STD-810G” Certificate ပါ ရရှိထားတဲ့ အကြမ်းခံဖုန်းတစ်လုံး ဖြစ်တယ်လို့ Samsung က ပြောကြားထားပါတယ်။ MIL-STD 801G Certification ရရှိထားတာကြောင့် ပြင်းထန်တဲ့ရာသီဥတုအခြေအနေ၊ အမြင့်ကနေ ပြတ်ကျမှု၊ ပင်လယ်ဆားငန်ရေ ၊ မြူနှင်းဒဏ်တို့ကို ခံနိုင်ရည်ရှိပြီး၊ ပြင်းထန်တဲ့ နေရောင်ခြည်အောက်မှာတောင် ကောင်းစွာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


                ဆင်းမ်ကဒ် တစ်ကဒ်သုံးပဲဖြစ်ပြီး၊ 13MP နောက်ကင်မရာ နှင့် 5MP ရှေ့ကင်မရာတို့ ပါဝင်ပါတယ်။

                Connectivity ပိုင်းအနေနဲ့ NFC၊ Wifi 802.11 b/g/nn (2.4 GHz)၊ Bluetooth 4.0 နဲ့ အခြား Features တွေ ပါဝင်ပြီး၊ ဖြုတ်နိုင်တပ်နိုင်တဲ့ 2400 mAh ဘက်ထရီလည်း ပါဝင်ပါတယ်။

“ဘယ်လိုပတ်ဝန်းကျင်မျိုးမှာမဆို အလုပ်လုပ်သူတွေအတွက် အလွန်ကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ပိုင်ဆိုင်ထားတဲ့ ဒီ XCover 4 က ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်ဖန်တီးမှုတွေကနေ ရှာဖွေတွေ့ရှိထားတဲ့ သက်သေတစ်ခုပဲ ဖြစ်ပါတယ်။”

                လို့ Samsung Myanmar ရဲ့ Head of IT and Mobile ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့ပါတယ်။

                XCover 4 ဝယ်ယူသုံးစွဲသူများအနေနဲ့ လစဉ် အနည်းဆုံး Ooredoo ဖုန်းငွေဖြည့်ကဒ် ၅၀၀၀ ကျပ် ထည့်သွင်းရုံဖြင့် အထူးလက်ဆောင် 2GB ကို ခြောက်လဆက်တိုက် ရရှိနိုင်မှာပါ။

                Galaxy XCover4 စမတ်ဖုန်းကို အနက်ရောင်တစ်မျိုးတည်းနဲ့ပဲ ရရှိမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတစ်ဝှမ်းက Samsung အရောင်းပြခန်းတွေမှာ မြန်မာကျပ်ငွေ ၃၀၅၀၀၀ ကျပ်နဲ့ ဂျွန်လ ၁၆ ရက်နေ့က စတင်ဝယ်ယူနိုင်ပါပြီ။

References
Samsung Myanmar The Inquire
About Author
Assinged Tags
Samsung Smartphones Galaxy Xcover 4 MIL-STD 801G IP68 Rugged Smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed