User Data တွေကို Black Market ထဲ ရောင်းချခဲ့တဲ့ Apple Distributors ၂၂ ဦးကို တရုတ် ဖမ်းဆီး

date_range 08 June 2017

User Data တွေကို Black Market ထဲ ရောင်းချခဲ့တဲ့ Apple Distributors ၂၂ ဦးကို တရုတ် ဖမ်းဆီး

visibility 700 Views

                ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်တွေကို ဖောက်ယူဖို့ ကြိုးစားနေသူတွေထဲမှာ အွန်လိုင်းပေါ်က Hacker တွေတင် မဟုတ်ဘဲ၊ ဖြန့်ချိရောင်းချမှုအပိုင်းက လူတွေလည်း ပါဝင်နေနိုင်တယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေပြလိုက်ပါပြီ။

                တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်ရဲတွေဟာ Apple Distributors ၂၂ ဦးကို iPhone User Data တွေ ခိုးယူရောင်းချနေတယ်လို့ သံသယရှိတာကြောင့် မေလ ၃ ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ Apple ကုမ္ပဏီဝန်ထမ်းတွေတော့ မဟုတ်ဘဲ၊  Apple နဲ့ လက်တွဲထားတဲ့ တရုတ်ပြည်တွင်း Direct Marketing နဲ့ Outsourcing ကုမ္ပဏီ ၂ ခုက ဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

                အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အဆိုပါ သံသယရှိသူ ၂၂ ဦးဟာ Apple ရဲ့ Internal Database ကနေ အရေးကြီးသတင်းအချက်အလက်တွေဖြစ်တဲ့ Apple ID တွေနဲ့ ဖုန်းနံပါတ်တွေကို ရယူကာ၊ Black Market မှာ ဒီဒေတာတွေကို ပြန်ရောင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Black Market မှာ ဒေတာတစ်ခုချင်းစီ ရောင်းချရာမှာ သတင်းအချက်အလက်တန်ဖိုးအလိုက် ၁.၅၀ ဒေါ်လာကနေ ၂၆ ဒေါ်လာအထိ ရရှိခဲ့ပြီး၊ အခုလို ဖမ်းမမိခင်မှာ ခန့်မှန်းခြေ ဒေါ်လာ ၇.၃၆ သန်းလောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

                ရောင်းချတဲ့အထဲမှာ လူဘယ်နှစ်ယောက်ရဲ့ Information တွေ ပါသွားလဲဆိုတာ သေချာမသိရသေးသလို၊ တရုတ်ပြည်ပက User ဘယ်နှစ်ယောက်ပါလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် ဒေါ်လာ ၇ သန်းကျော်ဖိုးတောင် ရောင်းခဲ့တာဆိုတော့ လူတော်တော်များများရဲ့ Information တွေ ပါသွားမှာ သေချာပါတယ်။

                Apple ဟာ User တွေရဲ့ Privacy နဲ့ Security ပိုင်းစိတ်ချရမှုကို အမြဲဂုဏ်ယူပြောကြားလေ့ရှိပေမယ့်၊ အခုလိုမျိုး Third-Party Distributors တွေက Apple Internal Database ကို ဘာလို့ ဝင်ရောက်ခွင့်ရနေတာလဲ ဒါမှမဟုတ် ဘယ်လိုဝင်ရောက်ခဲ့လဲဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

                ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး၊ Apple ကုမ္ပဏီကို Engadget က ဆက်သွယ်မေးမြန်းထားပြီး၊ Apple  ဘက်က အကြောင်းပြန်မလားဆိုတာကတော့ စောင့်ဆိုင်းနေတုန်းပါ။

References
Engadget QQ Apple Insider
About Author
Assinged Tags
Security Apple ID User Privacy China Privacy Distributors Black Market
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed