ဖုန်း ၈,၄၇၄ လုံး ခိုးယူခဲ့မှုကြောင့် Samsung ကုမ္ပဏီရဲ့ မသန်စွမ်းအလုပ်သမားတစ်ဦး ဖမ်းဆီးခံရ

date_range 08 June 2017

ဖုန်း ၈,၄၇၄ လုံး ခိုးယူခဲ့မှုကြောင့် Samsung ကုမ္ပဏီရဲ့ မသန်စွမ်းအလုပ်သမားတစ်ဦး ဖမ်းဆီးခံရ

visibility 11150 Views

                Lee အမည်ရတဲ့ မသန်စွမ်းအလုပ်သမားတစ်ဦးဟာ တောင်ကိုရီးယားနိုင်ငံ၊ Suwon မြို့မှာ ရှိတဲ့ Samsung စက်ရုံကနေ ဖုန်းအလုံးရေ ၈,၄၇၄ လုံး ခိုးယူခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။

                Lee ဟာ Samsung မှာ ၂၀၁၀ ခုနှစ်ထဲက အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ သူရဲ့တာဝန်ကတော့ Samsung Developers တွေ လေ့လာစမ်းသပ်ဖို့အတွက် အသုံးပြုတဲ့ ဖုန်းအဟောင်းတွေကို ထိန်းသိမ်းပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

                Samsung ကုမ္ပဏီက မသန်စွမ်းအလုပ်သမားတွေရဲ့ Wheelchair တွေကို Electronic Body Scanner နဲ့ မစစ်ဆေးတာကို Lee တစ်ယောက် အခွင့်ကောင်းယူပြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ကနေ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ဖုန်းအလုံးရေ ၈,၅၀၀ နီးပါး ခိုးထုတ်ခဲ့တာဖြစ်ပါတယ်။

                ယခုလိုဖမ်းဆီးရမိတာကလည်း စျေးကွက်ထဲမှာ မရှိသင့်တဲ့ Samsung ဖုန်းတွေကို ဗီယက်နမ်နိုင်ငံမှာ ရောင်းဝယ်ဖောက်ကားနေတာကို စစ်ဆေးတွေ့ရှိတော့မှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ Lee ဟာ ခိုးထားတဲ့ဖုန်းတွေကို Second-Hand Dealer တွေထံ ရောင်းချခဲ့တာဖြစ်ပြီး၊ ၂ နှစ်ဝန်းကျင်အချိန်အတွင်းမှာ 800 Million Won (ဒေါ်လာ ၇သိန်းကျော်) ရှာဖွေနိုင်ခဲ့တယ်လို့ ယူဆရပါတယ်။

                တာဝန်ရှိသူတွေရဲ့ အဆိုအရတော့ Lee တစ်ယောက် အခုလိုခိုးယူရတာဟာ လောင်းကစားလုပ်လို့ 900 Million Won (ဒေါ်လာ ၈သိန်းဝန်းကျင်) အကြွေးတင်နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

References
Android Authority The Investor
About Author
Assinged Tags
Samsung Smartphones Samsung Electronics Samsung Employee
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed