ဂျွန်လ ၁၂ရက်နေ့မှာ မိတ်ဆက်ပေးသွားမဲ့ Honor 9

date_range 07 June 2017

ဂျွန်လ ၁၂ရက်နေ့မှာ မိတ်ဆက်ပေးသွားမဲ့ Honor 9

visibility 700 Views

                Huawei Company ရဲ့ထုတ်ကုန်ခွဲတစ်ခုဖြစ်တဲ့ Honor 9 ဖုန်းကိုတော့ တရုတ်နိုင်ငံ ၊ ရှန် ဟိုင်းမြို့မှာ  ဂျွန်လ၁၂ ရက်နေ့၊ မိတ်ဆက်ပေးသွားမှာဖြစ်ကြောင်း Huawei Company ကအတည်ပြုလိုက်ပြီပဲ ဖြစ်ပါတယ်။ 

                ဒီ့အပြင် Honor 9 အတွက် Official Poster ကိုလည်းထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါတယ်။ Poster ထဲမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီး အဆိုတော်နှင့် ရုပ်ရှင်မင်းသား Hu Ge က ဓာတ်ပုံရိုက်နေတဲ့ပုံစံ သရုပ်ဆောင်ပေးထားတာကြောင့် Honor 9 ဟာ Camera ပိုင်းအဓိကအသားပေးထုတ်လုပ်သွားမှာ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် တရုတ်ဘာသာစကားနဲ့ Beautiful and Colorful လို့ရေးထားတာကြောင့် Honor 9 ကို Design ပိုင်းမှာအရောင်အသွေးစုံလင်စွာထုတ်လုပ်သွားနိုင်ခြေရှိနေပါတယ်။


                အတည်မပြုနိုင်သေးတဲ့သတင်းတွေအရတော့ Honor 9  မှာ Huawei ရဲ့ ကိုယ်ပိုင် Processor ဖြစ်တဲ့ Hisilicon Kirin 960 ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ Kirin 960 ဟာ Huawei P10 နဲ့ P10 Plus မှာ အသုံးပြုထားတဲ့ Processor ပါပဲ။ Display မျက်နာပြင်အကျယ်အဝန်းကိုတော့ 5.15 လက်မ Full HD အရည်အသွေးရှိတဲ့ Resolution နဲ့ထုတ်လုပ်နိုင်ခြေရှိပြီး၊ Camera ကိုလည်း Dual Camera 20 MP+12MP တပ်ဆင်ပေးသွားမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။


                ဒီသတင်းတွေအတိုင်း ထုတ်လုပ်လားမလားဆိုတာကတော့ ဂျွန်လ၁၂ ရက်နေ့ မိတ်ဆက်ပြသတဲ့အခါကျရင် သိရတော့မှာပါ။

                Huawei Company အနေနဲ့ Honor 9 ကို ဂျွန်လ ၁၂ ရက်နေ့ တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမှာမိတ်ဆက်ပြီးတာနဲ့ ဂျွန်လ ၂၇ ရက်၊ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဥရောပဈေးကွက်အတွက် မိတ်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။

This Article is Contributed by AK
References
Android Authority GSM Arena
About Author
Assinged Tags
Huawei Smartphones Honor Smarphones Honor 9 Kirin 960
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed