ဘာသာစကားမျိုးစုံကို Support ပေးနိုင်တာဟာ Siri ရဲ့ အဓိကအားသာချက် ဖြစ်နေတုန်းပဲလား?

date_range 14 March 2017

ဘာသာစကားမျိုးစုံကို Support ပေးနိုင်တာဟာ Siri ရဲ့ အဓိကအားသာချက် ဖြစ်နေတုန်းပဲလား?

visibility 650 Views

                Reuters ဝဘ်ဆိုဒ်က ဆောင်ပါးတစ်ပုဒ်မှာ “Siri ဟာ နိုင်ငံပေါင်း ၃၆ နိုင်ငံအတွက် ဘာသာစကား ၂၅ မျိုးကို Support ပေးထားတာဖြစ်တဲ့အတွက် ဒီအချက်ကြောင့် Siri ဟာ အခြားယှဥ်ပြိုင်ဘက် Virtual Assistants တွေထက်သာတဲ့ အချက်တစ်ခုဖြစ်နေတုန်းပဲ” လို့ ရေးသားထားပါတယ်။

                ယခုလက်ရှိ လူသိများတဲ့ Virtual Assistant တွေဖြစ်တဲ့ Cortana ၊ Google Assistant နဲ့ Alexa တို့ဟာ ဘာသာစကားတွေကို စုံစုံလင်လင် Support မလုပ်ပေးနိုင်သေးပါဘူး။ Microsoft ရဲ့ Cortana ဟာ နိုင်ငံပေါင်း ၁၃ နိုင်ငံအတွက် ဘာသာစကား ၈ မျိုး၊ Google ရဲ့ Google Assistant က ဘာသာစကား ၄ မျိုး၊ Amazon ရဲ့ Alexa က English နဲ့ German ဘာသာစကားနှစ်မျိုး၊ စသည်ဖြင့် သာသာစကားအနည်းငယ်သာ Support ပေးနိုင်ပါသေးတယ်။

                ပြိုင်ဘက်တွေ လိုက်လို့မမှီဖြစ်နေချိန်မှာပဲ များမကြာမှီကာလအတွင်းမှာ Siri ဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တော်ရဲ့ အနီးနားတစ်ဝိုက်မှာပဲပြောတဲ့ Shanghainese ဘာသာစကားကိုလည်း Support ပေးတော့မှာဖြစ်ပါတယ် (မြန်မာစာကိုလည်း Support ပေးကြပါဦးဗျာ)။ ယခုလက်ရှိ Virtual Assistant တွေအားလုံးထဲမှာ Siri က ဘာသာစကား ၂၅ မျိုးကို နားလည်နိုင်တယ်ဆိုတော့ ဒီအချက်ဟာ Siri ရဲ့ အဓိကအားသာချက် ဖြစ်နေတုန်းပဲလို့ ဆိုလို့ရပါတယ်။

                ဘာသာစကားမျိုးစုံကို Support ပေးတယ်ဆိုပေမယ့်လည်း ပြည့်စုံမှုတော့ မရှိသေးပါဘူး။ Siri မှ မဟုတ်ပါဘူး။ အခြား Virtual Assistant တွေလည်း ဒီလိုပါပဲ။ ဘာသာစကားတစ်ခုကို လူတစ်ယောက်လို နားလည်မှုမျိုးနဲ့ လူတစ်ယောက်လို ပြန်ဖြေနိုင်မယ့် စွမ်းအားတွေကတော့ အခုခေတ် Virtual Assistant တွေအားလုံးမှာ မရှိသေးပါဘူး။

                အခုလတ်တစ်လောမှာတော့ Microsoft က Cortana မှာ စပိန်ဘာသာစကားကို Support လုပ်ဖို့အတွက် ကြိုးစားနေပြီး၊ Google နဲ့ Amazon ကတော့ နောက်ထပ် ဘာသာစကားတွေကို Support လုပ်ပေးဖို့ ကြိုးစားနေပြီး၊ ဘယ်ဘာသာစကားလဲ ဆိုတာကိုတော့ တိတိကျကျမပြောသွားပါဘူး။

References
MacRumors
About Author
Assinged Tags
Siri Virtual Assistant
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed