Oppo မှ စမတ်ဖုန်းအသစ်ဖြစ်တဲ့ Oppo R11 ကိုမိတ်ဆက်

date_range 06 June 2017

Oppo မှ စမတ်ဖုန်းအသစ်ဖြစ်တဲ့ Oppo R11 ကိုမိတ်ဆက်

visibility 1200 Views

                ယနေ့ ဂျွန်လ ၅ရက်နေ့မှာ Oppo စမတ်ဖုန်းကနေ သူတို့ရဲ့ Smartphone အမျိုးအစားအသစ်တစ်ခုဖြစ်လာမယ့် Oppo R11 Smartphone ကို မိတ်ဆက်ခဲ့ပါတယ်။ Oppo R11 ကိုပဲ မိတ်ဆက်ခဲ့တာဖြစ်ပြီး R11 Plus ကိုတော့ မကြေငြာသွားခဲ့ပါဘူး။ 

                Oppo R11 ဖုန်းကို Metal Body နဲ့ ပြုလုပ်ထားပြီး 5.5" AMOLED Full HD (1080P) Resolution Screen ပါဝင်မှာဖြစ်ပါတယ်။ နောက်ဆုံးထွက် Android 7.1. Nougat ကို Oppo ရဲ့ မူပိုင် Color OS UI နဲ့အတူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

                Oppo မှာ အကောင်းဆုံးလို့ပြောနိုင်တဲ့ ကင်မရာပိုင်းလည်း R11 ဖုန်းမှာ အထူးကောင်းမွန်ပြီးတော့ အနောက် Back Camera ကို 20 Megapixels နှင့် 16 Megapixels Dual camera ၂ လုံးတပ်ဆင်ထားပြီး 2× Optical Zoom, Portrait Mode စတဲ့ Features မျိုးစုံပါဝင်မှာဖြစ်ပါတယ်။ Front Selfie Camera ကလည်း 20 Megapixels ပါဝင်ဦးမှာပါ။ 


                Oppo R11 Smartphone မှာ Qualcomm ရဲ့ နောက်ဆုံးထွက် CPU အမျိုးအစားဖြစ်တဲ့ Snapdragon 660 CPU ပါဝင်မှာဖြစ်ပြီးတော့ ပထမဆုံး Snapdragon 660 CPU ကိုအသုံးပြုထားတဲ့ဖုန်းလည်းဖြစ်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပြီး Internal Storage 64GB ပါဝင်မှာပါ။ အရောင်အနေနဲ့ Gold, Rose Gold နဲ့ Black ဆိုပြီး (၃) မျိုးဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ ဂျွန်လ ၁၀ ရက်နေ့မှာ တရုတ်နိုင်ငံမှာစတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

                ဈေးနှုန်းအတိအကျကိုတော့ မကြေငြာသွားပေမယ့် $485 ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Smartphones OPPO Oppo R11
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed