Samsung မှ My Knox ကို ယခုနှစ်ကုန်တွင် ရပ်ဆိုင်းတော့မည်

date_range 05 June 2017

Samsung မှ My Knox ကို ယခုနှစ်ကုန်တွင် ရပ်ဆိုင်းတော့မည်

visibility 450 Views

                Samsung ကနေ Security Features တစ်ခုဖြစ်တဲ့ My Knox ကို ယခုနှစ်ကုန်က စတင်ပြီးတော့ ရပ်ဆိုင်းတော့မှာဖြစ်တဲ့အကြောင်းကို Samsung ဖုန်းအသုံးပြုသူတွေကို Email ပို့ပြီးအကြောင်းကြားခဲ့ပါတယ်။

                အခုချက်ချင်း ရပ်ဆိုင်းတော့မှာမဟုတ်ပေမယ့်၊ နောက်အသစ်ထွက်မယ့် Samsung ဖုန်းတွေမှာ My Knox ပါဝင်လာတော့မှာမဟုတ်ဘဲ၊ Service ရပ်ဆိုင်းမယ့် ရက်အတိအကျကိုတော့ ထပ်မံကြေငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                My Knox ဆိုတာကတော့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ Data တွေကို သိမ်းဆည်းထားနိုင်တဲ့ သီးခြားလုံခြုံရေး Features တစ်ခုဖြစ်ပြီး အခုလိုရပ်ဆိုင်းပြီးနောက်ပိုင်းမှာ အသုံးပြုသူတွေအနေနဲ့ Samsung ကနေ Android 7.0 အထက် Samsung ဖုန်းတွေအကုန်လုံးမှာ အသုံးပြုနိုင်တဲ့ Secure Folder app ကို ပြောင်းလဲအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ အဆိုပါ Secure Folder app ကိုလည်း Samsung ဖုန်းထဲက Galaxy Apps ကနေ Download ပြုလုပ်နိုင်မှာပါ။


                My Knox ကနေ Secure Folder app ထဲကို Data တွေ ရွှေ့ပြောင်းချင်တယ်ဆိုရင်တော့ အရင်ဆုံး My Knox ရဲ့ Setting - Backup & Restore ကနေ Data တွေကို Backup ပြုလုပ်ပြီး Secure Folder app ရဲ့ Setting - Backup & Restore မှာ ပြန်လည် Restore ပြုလုပ်လိုက်တာနဲ့ အလွယ်တကူရွေ့ပြောင်းနိုင်မှာဖြစ်ပါတယ်။

References
Android Authority
About Author
Assinged Tags
Samsung Applications Samsung Knox My Knox
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed