Black Series စမတ်ဖုန်းများဖြစ်တဲ့ OPPO A57 နှင့် OPPO F3 Black Version တို့ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

date_range 03 June 2017

Black Series စမတ်ဖုန်းများဖြစ်တဲ့ OPPO A57 နှင့် OPPO F3 Black Version တို့ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

visibility 300 Views

                OPPO ဟာ Black Series စမတ်ဖုန်းများဖြစ်တဲ့ OPPO A57 နှင့် OPPO F3 Black Version တို့ကို မနေ့က ( ဂျွန်လ ၂ ရက်နေ့) က မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး၊ ယခုလအတွင်း စတင်ရောင်းချသွားမှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။

                OPPO A57 ကတော့ မြန်မာနိုင်ငံကို အသစ်ဝင်လာတဲ့ မော်ဒယ်ဖြစ်ပြီး၊ Low-end စမတ်ဖုန်းတစ်လုံးပါ။ 1.4GHz Octa-core Snapdragon 435 SoC ၊ RAM 3GB နဲ့ Internal Storage 32 GB ပါရှိပြီး၊ Triple-Slot Tray ပါဝင်တာကြောင့်၊ SIM နှစ်ကတ်ကော microSD ကတ်ပါ တစ်ပြိုင်တည်းအသုံးပြုနိုင်မှာပါ။ microSD ကိုလည်း 256GB အထိ ထပ်စိုက်နိုင်ပါတယ်။


                OPPO ဖုန်းတွေ ထုံးစံအတိုင်း Selfie ဦးစားပေး ထုတ်လုပ်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး၊ A57 မှာ  Beautify 4.0 ပါဝင်တဲ့ 16 M, f/2.0 ရှေ့ကင်မရာပါဝင်လာပါတယ်။ ရှေ့ကင်မရာမှာတင် Bokeh Effect ပါဝင်လာတာကလည်း Selfie ဝါသနာရှင်တွေ အကြိုက်တွေ့မှာပါ။ 

                Sensor တွေအနေနဲ့ ၀.၂ စက္ကန့်အတွင်း ဖုန်းကိုဖွင့်ပေးနိုင်တဲ့ Fingerprint Scanner (Front-mounted) Compass ၊ Magnetometer ၊ Proximity sensor ၊Accelerometer ၊ Ambient light sensor နဲ့ Gyroscope တို့ ပါဝင်မှာပါ။

                OPPO A57 ရဲ့ Display ကတော့  ၅.၂ လက်မ HD Display ဖြစ်ပြီး၊ 2.5D Curved Glass နဲ့ ဖြစ်ပါတယ်။ Android 6.0 Based Color OS 3.0 နဲ့ ထွက်ရှိလာမှာပါ။

                နောက်ထပ် Black Series တစ်ခုဖြစ်တဲ့ OPPO F3 Black Version ကတော့ အရင်ထွက်ထားတဲ့ Oppo F3 နဲ့ Specifications ကော Design ပါ အတူတူပဲဖြစ်ပြီး၊ အနက်ရောင်ဖြစ်သွားတာပဲ ကွာမှာပါ။ အရှေ့မျက်နှာပြင်ကော  နောက်ကျောဘက်ကိုကော တောက်ပတဲ့အနက်ရောင်အသုံးပြုထားတာ တွေ့ရပါတယ်။


                OPPO F3 Black Version ကိုတော့ ဇွန်လ ၁၅ ရက်နေ့ကစပြီး၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ OPPO က ဆိုပါတယ်။ OPPO A57 ကိုတော့ ဇွန်လ ၅ ရက်တွင် စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

References
Oppo
About Author
Assinged Tags
Smartphones OPPO Local News Local Tech News Oppo F3 OPPO Myanmar OPPO Black Series OPPO F3 Black Edition OPPO A57 OPPO A57 Black
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed