Huawei မှ MediaPad M3 Lite 10 Tablet အသစ်ထုတ်လုပ်

date_range 02 June 2017

Huawei မှ MediaPad M3 Lite 10 Tablet အသစ်ထုတ်လုပ်

visibility 1000 Views

                Huawei ဟာ သူရဲ့ အရောင်းသွက် Tablet Series ဖြစ်တဲ့ MediaPad Series Tablet တွေထဲက နောက်ဆုံးမော်ဒယ်အသစ်ဖြစ်တဲ့ MediaPad M3 Lite 10 ဆိုတဲ့ Mid Range Tablet အသစ်တစ်ခုကို ကြေငြာလိုက်ပြီဖြစ်ပါတယ်။

                Huawei MediaPad M3 Lite 10 ရဲ့ အဓိကအားသာချက်ကတော့ Harman Kardon Speaker ၄ ခုပါဝင်မှာဖြစ်တဲ့အတွက် ရုပ်ရှင်ကြည့်၊ ဂိမ်းကစားချင်တဲ့သူတွေအတွက် အကောင်းဆုံးအသံထွက်ကိုပေးစွမ်းနိုင်မယ့် Tablet ဖြစ်ပါလိမ့်မယ်။ Huawei MediaPad M3 Lite 10 Tablet မှာ Full HD 1920 × 1200 Resolution ရှိတဲ့ 10.1 Inches IPS Display ကို တပ်ဆင်ထားပြီး Snapdragon 435 Octa Core CPU ကိုအသုံးပြုထားပါတယ်။ RAM နဲ့ Storage အနေနဲ့ကတော့ 3 GB + 16 GB, 3 GB + 32 GB နဲ့ 4 GB + 64 GB ဆိုပြီးရွေးချယ်နိုင်မှာပါ။

                MediaPad M3 Lite 10 မှာ Camera ပိုင်းလည်းကောင်းမွန်ပြီး အရှေ့ရော အနောက်ပါ 8 Megapixels Camera တွေကိုတပ်ဆင်ပေးထားပါတယ်။ Android 7 Nougat ကို Huawei ရဲ့ကိုယ်ပိုင် UI ဖြစ်တဲ့ EMUI 5.1 နဲ့လာမှာဖြစ်ပါတယ်။ Battery အနေနဲ့ 6,600mAh Battery ပါဝင်မှာဖြစ်ပြီးတော့ Fingerprint Scanner လည်းပါဝင်ဦးမှာပါ။ 

                Huawei MediaPad M3 Lite 10 Tablet ကို ရွှေရောင်၊ မီးခိုးရောင် နဲ့ အဖြူရောင် (၃) မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းမသိရသေးပေမယ့် ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Tablet တစ်ခုဖြစ်ဦးမယ်လို့ခန့်မှန်းရပါတယ်။

References
GSM Arena
About Author
Assinged Tags
Huawei Tablet Harman/Kardon Huawei Mediapad
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed