AMD Ryzen CPU နဲ့ ပထမဆုံးပွဲထွက်လာခဲ့တဲ့ Asus ROG Strix GL702ZC Gaming Laptop

date_range 01 June 2017

AMD Ryzen CPU နဲ့ ပထမဆုံးပွဲထွက်လာခဲ့တဲ့ Asus ROG Strix GL702ZC Gaming Laptop

visibility 200 Views

                တရုတ်နိုင်ငံ တိုင်ပေမြို့တော်မှာ ကျင်းပနေတဲ့ Computex 2017 မှာ Asus ကနေ ကမ္ဘာ့ပထမဆုံး AMD Ryzen CPU တွေကိုအသုံးပြုထားတဲ့ Asus ROG Strix GL702ZC Gaming Laptop ကို ကြေငြာခဲ့ပါတယ်။ ပထမဆုံး AMD Ryzen CPU တွေကို အသုံးပြုထားရုံသာမက AMD ရဲ့ နောက်ဆုံးထွက် Radeon RX 500 Series Graphic Card တွေကိုပါ အသုံးပြုထားတဲ့ ပထမဆုံး Gaming Laptop ဖြစ်ပါတယ်။ 

                Asus ကတော့ အခုကြေငြာလိုက်တဲ့ Gaming Laptop က Gaming Desktop တစ်ခုရဲ့ စွမ်းဆောင်ရည်ရရှိမှာပါလို့ ပြောထားပါတယ်။ တကယ်လည်း AMD ရဲ့ လက်ရှိအကောင်းဆုံး Ryzen CPU တွေဖြစ်တဲ့ Ryzen 7 1700 (8 Cores, 16 Threads), Ryzen 5 1600 (6 Cores, 12 Threads) နဲ့ လောလောဆယ် တရားဝင်မကြေငြာရသေးတဲ့ Ryzen 3 1200 (4 Cores, 8 Threads) CPU တွေကို အသုံးပြုထားတယ်ဆိုတော့ ပုံမှန် Intel i7 CPU တွေရဲ့ Quad Cores CPU တွေနဲ့ ယှဉ်ရင် အများကြီး စွမ်းဆောင်ရည်သာလွန်မှာပါ။ CPU ကိုတော့ Overclock လုပ်လို့ရမှာမဟုတ်ပါဘူး။ 

                Asus ROG Strix GL702ZC Gaming Laptop မှာ AMD ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Radeon RX 580 Graphic Card ပါဝင်လာမှာဖြစ်ပြီး Full HD မှာ ဘယ် Game ကိုမဆို အထစ်အငေါ့လုံးဝမရှိပဲ ဆော့နိုင်မှာဖြစ်ပါတယ်။ ကြီးမားတဲ့ 17.3 Inch IPS Display မှာ AMD ရဲ့ FreeSync နည်းပညာပါဝင်ပြီးတော့ 4K Ultra HD Resolution သို့မဟုတ် Full HD မှာ Response Rate အလွန်မြန်ဆန်တဲ့ 75Hz ဒါမှမဟုတ် 120Hz Display ကို နှစ်သက်ရာရွေးချယ်နိုင်မှာပါ။ 

                Asus ROG Strix GL702ZC Gaming Laptop မှာ အမြင့်ဆုံး 32GB DDR4-2400MHz memory အထိထည့်သွင်းထားနိုင်ပြီး Storage Speed အလွန်မြန်ဆန်တဲ့ 512GB M.2 NVMe SSD နဲ့အတူ သီးခြား Hard Disk သို့မဟုတ် SSD ပါထည့်ထားနိုင်မှာဖြစ်ပါတယ်။ အခြား USB Type C Port တွေနဲ့ SD Card Reader, Bluetooth 4.1 လို Features တွေလည်း အပြည့်အစုံပါဝင်ဦးမှာဖြစ်ပါတယ်။ 

                စွမ်းဆောင်ရည်မြင့်မားပေမယ့် Asus ROG Strix GL702ZC Gaming Laptop က ၁.၃ လက်မ ပဲ ထူမှာဖြစ်ပြီးတော့ ၇ ပေါင်အောက်ပဲ အလေးချိန်ရှိမှာဖြစ်ပါတယ်။ ဒီလို 17.3 Inches Gaming Laptop တွေထဲမှာ အပေါ့ပါးဆုံး Laptop တစ်ခုဖြစ်မှာပါ။ 

                Asus ROG Strix GL702ZC ကို ဒီနှစ်အတွင်း ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပြီး ရောင်းချမယ့်အချိန်အတိအကျနဲ့ ဈေးနှုန်းကိုတော့ ကြေငြာသွားခြင်းမရှိပါဘူး။ 

References
PC World Tech Radar
About Author
Assinged Tags
Asus Gaming Laptop GPU AMD AMD Ryzen Asus ROG Radeon RX 500 series Radeon RX 580
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed