GPU တွေရဲ့ Architecture ကို ကိုယ်တိုင်ဒီဇိုင်းဆွဲတော့မယ့် Apple

date_range 05 April 2017

GPU တွေရဲ့ Architecture ကို ကိုယ်တိုင်ဒီဇိုင်းဆွဲတော့မယ့် Apple

visibility Views

                နှစ်ပေါင်းများစွာ iPhone တွေအတွက် GPU တွေရဲ့ Architecture ကို ဒီဇိုင်းဆွဲပေးခဲ့တဲ့အပြင်၊ Graphics နည်းပညာတွေပါ မျှဝေပေးခဲ့တဲ့ Imagination Technologies ဆိုတဲ့ကုမ္ပဏီနဲ့ Apple တို့ လက်တွဲဖြုတ်လိုက်ပြီ ဖြစ်ပါတယ်။ Apple ဘက်က အကြောင်းပြချက်ကတော့ ဒီလိုမျိုးအရေးကြီးတဲ့ Hardware အစိတ်အပိုင်းတစ်ခုရဲ့ Architecture ပိုင်းကို ပြင်ပကုမ္ပဏီကို မအပ်ချင်တော့တာကြောင့်လို့ သိရှိရပါတယ်။

                Imagination Technologies အတွက်ကတော့ ကုမ္ပဏီအတွက် အမြတ်ငွေအများကြီး ဆုံးရှံးသွားခဲ့ရပါတယ်။ ကုမ္ပဏီနှစ်စဉ်ရရှိတဲ့ အမြတ်ငွေရဲ့ ၅၀% က Apple ဆီကရရှိတာဖြစ်ပြီး Apple ဘက်က လက်တွဲဖြုတ်သွားတဲ့အတွက် Imagination အတွက် အရမ်းကိုနှစ်နာသွားတာ ဖြစ်ပါတယ်။

                Hardware ရော၊ Software ရော ကိုယ်ပိုင်ထုတ်လုပ်၊ ဒီဇိုင်းဆွဲနေတဲ့ Apple အတွက်ကတော့ ဒီလိုမျိုးလုပ်လိုက်တာဟာ မဆန်းပါဘူး။ နောက်ထွက်လာမယ့် iPhone တွေကလည်း လက်ရှိ iPhone တွေထပ် Graphics Performance ပိုမိုလိုအပ်မှာဖြစ်တာကြောင့် Apple ကိုယ်တိုင် GPU ဘက်မှာ အားထည့်ဖို့ပိုမိုလိုအပ်မှာ ဖြစ်ပါတယ်။

Imagination ဘက်ကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး

“Imagination ကနေရရှိထားတဲ့ Idea တွေ၊ ဒီဇိုင်းတွေမှာ မူပိုင်ခွင့်ရှိပါတယ်။ ဒီကိစ္စကို Apple ကို တင်ပြခဲ့တဲ့အခါမှာတော့ Apple ဘက်က ဘာမူပိုင်ခွင့်မှမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ GPU Architecture တစ်ခုလုံးကို အစကနေ ပြန်ဒီဇိုင်းဆွဲရမှာ Apple အတွက်ကတော့ ခက်ခဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့သုံးခဲ့သမျှ GPU တွေရဲ့ Architecture နဲ့၊ Graphics နည်းပညာပိုင်းက ကျနော်တို့ပဲ လုပ်ပေးခဲ့တာလေ။ သူတို့ကိုယ်တိုင် Architecture ပိုင်းကို ဒီဇိုင်းဆွဲတဲ့အခါမှာ ကျနော်တို့နည်းပညာကို အသုံးပြုခဲ့မယ်ဆိုရင် ဒါဟာမူပိုင်ခွင့်ကို ချိုးဖောက်တာပါပဲ”

လို့ ပြောကြားခဲ့ပါတယ်။

                ဒါပေမယ့် Apple ဘက်ကလည်း အရမ်းတော်တဲ့ အင်ဂျင်နီယာတွေရှိနေလို့လည်း ဒီလိုလက်တွဲဖြုတ်နိုင်တာပါ။ A6 Chip တွေတုန်းကလည်း Apple ကိုယ်တိုင် GPU တွေရဲ့ Architecture ကို အစကနေဒီဇိုင်းပြန်ဆွဲခဲ့တာပါ။ A6 Chip တွေဟာ Performance ပိုကောင်းခဲ့တဲ့အပြင်၊ ကုမ္ပဏီရဲ့ လိုအပ်ချက်နဲ့လည်း ကိုက်ညီခဲ့ပါတယ်။

                Apple ဘက်ကလည်း Imagination ရဲ့ နည်းပညာတွေကို လာမယ့် GPU မှာ မသုံးလောက်ပါဘူး။ iPhone တွေ၊ iPad တွေမှာသုံးတဲ့ နည်းပညာအကုန်လုံးကို သူတို့လက်ထဲမှာပဲထားချင်တော့တဲ့ Apple ဟာ GPU တွေရဲ့ Architecture ကို ကိုယ်တိုင်ပဲ ဒီဇိုင်းဆွဲတော့မယ်လို့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။

References
Wired
About Author
Assinged Tags
GPU iPhone iPad
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed