Android O မှာ GPU Drivers တွေကို Play Store ကနေ Update ပြုလုပ်နိုင်မည်။

date_range 21 May 2017

Android O မှာ GPU Drivers တွေကို Play Store ကနေ Update ပြုလုပ်နိုင်မည်။

visibility 850 Views

                လက်ရှိ Android OS မှာ GPU Driver အတွက် Update ကို Manufacturers တွေက Android Update နဲ့အတူထုတ်ပေးမှ ရရှိတာကြောင့် Manufacturers တွေက Android Update ပေးတာ နောက်ကျတာ၊ GPU Update မပါ၀င်လာတာ (လျစ်လျုရှု/မေ့ကျန်ခဲ့)၊ Update တစ်ခုနဲ့တစ်ခု Interval က ကွာ၀ေးလွန်းတာကြောင့် GPU Drivers Update ဆိုရင်ကျွန်တော်တို့ Custom ROM တွေပေါ်မှာပဲမြင်ရတာပိုများပါတယ်။ 

                Customer ROM Developers တွေဟာ နောက်ဆုံးထွက် GPU Drivers Update ကို သူတို့အခုလက်ရှိ Cook နေတဲ့ ROM ပေါ် လက်တည့်အမြဲစမ်းပြီးထည့်ပေးကြည့်ကြပါတယ်။ (Performance များပိုကောင်းလာမလားဆိုတဲ့ရည်ရွယ်ချက်နဲ့ပေ့ါ။) ဒါဟာလည်း ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးတွေလည်းရှိပါတယ်။ ဖုန်းနဲ့ GPU Drivers နဲ့မကိုက်တာ၊ သေချာ Configuration မလုပ်မိတာတွေနဲ့အတူ တခြား Bugs တွေလည်းအများကြီးပါ၀င်နိုင်ပါတယ်။ Manual flashing အရလည်း GPU Update ဟာ  Source တွေထဲမှာပဲရှိတတ်ပြီး အသင့် Flashable zip package တွေနည်းတာကြောင့် ဒီနည်းလမ်းဟာလည်း မလွယ်ကူပြန်ပါဘူး။

                အခုအခါ Android O နဲ့အတူ GPU Drivers ကို Play Store ကနေပဲ တိုက်ရိုက် Update ပြုလုပ်နိုင်လာမှာပဲဖြစ်ပါတယ်။ ဒါကိုတော့ Google I/O ပွဲကနေ Questions And Answers လုပ်နေရင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း Android O ကို Update ရရှိမယ့်ဖုန်းတွေအတွက်မဟုတ်ပဲ Android O အတွက် Hardware ကိုပါ Designed လုပ်ထုတ်လုပ်ထားတဲ့ဖုန်းတွေအတွက်ပဲ ဒီ Feature ဟာအလုပ်လုပ်မှာမို့လို့ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ဖုန်းတွေအတွက်တော့ မဟုတ်ပါဘူး။

                GPU ဟာ ဂိမ်းတွေအတွက်အရေးပါသလို Photo/Video Editing တွေနဲ့ တခြားဖုန်းတွင်း Operation တွေမှာပါ အရေးပါတာကြောင့် GPU Update တွေကို နောင်လာမယ့်ဖုန်းတွေက အလွယ်တကူ Play Store ကနေ ရယူနိုင်တာမို့လို့ ဒါဟာလည်း Android OS အတွက်သတင်းကောင်းတစ်ခုပါပဲ။ 

References
XDA Developers
About Author
Assinged Tags
Google Android Google Play Store GPU Android Phone Google Play GPU Drivers Drivers
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed