Credit Card အရွယ်အစားလောက်ပဲရှိတဲ့ Intel ရဲ့ Compute Card PC

date_range 31 May 2017

Credit Card အရွယ်အစားလောက်ပဲရှိတဲ့ Intel ရဲ့ Compute Card PC

visibility 1900 Views

                Intel ရဲ့ Compute Card ဆိုတာ Credit Card အရွယ်အစားလောက်ပဲရှိတဲ့ PC ဖြစ်ပါတယ်။ သေးတယ်ဆိုပြီး အထင်မသေးလိုက်ပါနဲ့။ Intel ရဲ့ Official Website မှာ “Small in Size, Not in Capabilities” လို့ ရေးသားထားသလိုပဲ ကွန်ပျူတာတစ်လုံးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ CPU, RAM, ROM, Wi-Fi, Bluetooth အကုန်ပါ၊ ပါတယ်။

                Intel အနေနဲ့ Compute Card ကို ဒီနှစ် CES ပွဲမှာ ပြသခဲ့တယ်ဆိုပေမယ့် တရားဝင်တော့ Launch မလုပ်ခဲ့ပါဘူး။ အခု တိုင်ပေမြို့မှာ မေလ ၃၀ ရက်ကနေ၊ ဂျွန်လ ၃ ရက်နေ့ထိ ကျင်းပမယ့် Computex ဆိုတဲ့ နည်းပညာပွဲကြီးမှာတော့ Compute Card ကို တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

                မိတ်ဆက်တဲ့အခါမှာလည်း Intel အနေနဲ့ Compute Card ကို အသုံးပြုပြီး Product တွေထုတ်ကြတော့မယ့် Partner တွေကိုလည်း ချပြသွားခဲ့ပါတယ်။ Parter တွေက ဘယ်ကုမ္ပဏီတွေလဲ၊ Compute Card ကို အသုံးပြုထားတဲ့ Product Samples တွေက ဘာတွေလဲဆိုတာကို အောက်ကဓာတ်ပုံမှာ ကြည့်ရှုနိုင်ပါတယ်။


                Intel ရဲ့ နာမည်ကြီး Partner တွေဖြစ်တဲ့ Lenovo, HP နဲ့ Dell တို့အနေနဲ့ Compute Card ကို အသုံးပြုထားတဲ့ Product Samples တွေကို မချပြနိုင်သေးပေမယ့် ကြိုးပမ်းနေဆဲပဲရှိသေးတယ်လို့ Intel ရဲ့ Official Website မှာ ရေးသားထားကို တွေ့ရပါတယ်။


                Compute Card ကို မော်ဒယ်လ်လေးမျိုးအနေနဲ့ ထုတ်လုပ်ရောင်းချမှာဖြစ်ပြီး မော်ဒယ်လ်တစ်ခုခြင်းစီရဲ့ Specifications တွေကိုတော့ အောက်ကဓာတ်ပုံမှာ ကြည့်ရှုနိုင်ပါတယ်။


                Compute Card ဟာ အခုအချိန်မှာတော့ ပြီးပြည့်စုံတဲ့ Pocket PC တစ်လုံးမဟုတ်သေးပေမယ့် Powerful ဖြစ်ပြီး၊ Performance လည်းကောင်းလာမယ့် Pocket PC တွေရဲ့ အနာဂါတ်ပဲဖြစ်ပါတယ်။ Intel အနေနဲ့ Compute Card ကို ဒီနှစ်သြဂုတ်လထဲမှာ တရားဝင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

References
The Verge Intel
About Author
Assinged Tags
Intel
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed