Snapdragon 845 SoC အတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ Samsung နှင့် LG

date_range 31 May 2017

Snapdragon 845 SoC အတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ Samsung နှင့် LG

visibility 2050 Views

                အခုလက်ရှိအချိန်ထိ LG G6 ကို အချို့နိုင်ငံများသို့တင်ပို့ရောင်းချနိုင်ခြင်းမရှိသေးတဲ့ LG ကုမ္ပဏီအနေနဲ့ နောက်ထွက်လာမည့် LG G7 စမတ်ဖုန်းမှာ Snapdragon 845 SoC ကို အသုံးပြုဖို့ Qualcomm ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်လာနေပါပြီ။

                LG ရဲ့ G Series Fan တွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်း၊ LG ရဲ့ G6 ကို Snapdragon 821 SoC နဲ့ပဲ ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ပြည်တွင်းပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Samsung ရဲ့ S8 နှင့် S8 Plus တွေမှာတော့ Qualcomm ရဲ့ နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ Snapdragon 835 ကိုအသုံးပြုခဲ့တာကြောင့် LG အနေနဲ့ Samsung ရဲ့နောက်ကောက်ကျမှု့ကိုခံခဲ့ရတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် LG အနေနဲ့ အသစ်ထပ်မံထုတ်လုပ်မယ့် သူတို့ရဲ့ Flagship Device အတွက် အခုထဲကကြိုတင်ပြင်ဆင်နေတာလို့ ယူဆရပါတယ်။

အခုခေတ်စားလာတဲ့ Virtual Reality နဲ့ Augmented Reality ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကို ဖုန်းမှာ အသုံးပြုဖို့အတွက်က Processing စွမ်းဆောင်ရည်ပိုမြင့်ဖို့ လိုတာကြောင့် LG ရဲ့ Flagship အသစ်ဖုန်းတွေမှာ Snapdragon 845 ကို သုံးဖို့က သေချာသလောက်ရှိပါတယ်။

                လို့ စျေးကွက်ကျွမ်းကျင်သူတစ်ယောက်က သုံးသပ်ထားပါတယ်။

                အစောပိုင်းသတင်းတွေမှာတော့ Samsung နှင့် Qualcomm တို့ဟာ Snapdragon 845 ကို ပူးပေါင်းထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက်၊  LG နဲ့ Samsung မှာ ဘယ်ဖုန်းက ပထမဆုံး Snapdragon 845 SoC နဲ့ ထွက်ပေါ်လာနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပိုကောင်းလာပါပြီ။

                အသစ်ထုတ်လုပ်ပေးမယ့် Snapdragon 845 ကို 7nm Manufacturing Process နဲ့ ထုတ်လုပ်လာမှာဖြစ်ပြီး ယခုလက်ရှိနောက်ဆုံးထုတ်လုပ်ထားသည့် Snapdragon 835 ရဲ့ 10nm ထက် ပိုမိုသေးငယ်သွားမှာဖြစ်ပြီး၊ Performance ပိုင်းမှာ ခန့်မှန်း 25% မှ 35% ထိပိုမိုကောင်းမွန်လာနိုင်ဖွယ်ရှိပါတယ်။

                ကဲမိတ်ဆွေတို့ကော Samsung Galaxy S9 နဲ့LG G7 တို့ဘယ်ဖုန်းက ပထမဆုံး Snapdragon 845 အသုံးပြုတဲ့ဖုန်းဖြစ်လာမယ်လို့ထင်ပါသလဲ?

This Article is Contributed by AK
References
GSM Arena Android Authority Xiaomi Today
About Author
Assinged Tags
Samsung Qualcomm LG Rumors Snapdragon 845 Galaxy S9 News LG G7
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed