S Pen ပါဝင်လာတဲ့  Samsung ရဲ့ မျိုးဆက်သစ် Notebook 9 Pro

date_range 31 May 2017

S Pen ပါဝင်လာတဲ့ Samsung ရဲ့ မျိုးဆက်သစ် Notebook 9 Pro

visibility 1310 Views

                တိုင်ပေမြို့မှာ မေလ ၃၀ ရက်ကနေ၊ ဂျွန်လ ၃ ရက်နေ့ထိ ကျင်းပမယ့် Computex ဆိုတဲ့ နည်းပညာပွဲကြီးမှာ Samsung က မျိုးဆက်သစ် Notebook 9 Pro ကို မိတ်ဆက်လိုက်ပါတယ်။ ယခု မျိုးဆက်သစ် Notebook 9 Pro မှာ ထူးခြားချက်နှစ်ခု ရှိပါတယ်။ 

                ပထမတစ်ခုကတော့ Built-In ထည့်ပေးထားမယ့် S Pen ပဲဖြစ်ပါတယ်။ Samsung အနေနဲ့ S Pen နည်းပညာကို ကုမ္ပဏီရဲ့ Notebook Line ဆီ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ S Pen ကို အသုံးပြုချင်တယ်ဆိုရင် Notebook 9 Pro ရဲ့ ညာဖက်ခြမ်း၊ အောက်နားလေးကနေ ဆွဲထုတ်သုံးစွဲနိုင်မှာပါ။

                အခု S Pen မှာ Pressure Levels (Pen ကို Screen ပေါ်မှာ ဖိလိုက်တဲ့အခါ ဖြစ်ပေါ်လာမယ့် မတူညီသော ဖိအားများ) ၄,၀၀၀ အထိ ခံစားသိရှိနိုင်သလို Microsoft ရဲ့ Surface Pen လိုမျိုးပဲ Tilt Motion (Pen ကို Screen ပေါ်မှာ ဒေါင်လိုက်အနေအထားဖြင့် အသုံးမပြုပဲ၊ စောင်းပြီးအသုံးပြုခဲ့မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် Motion) ကိုလည်း Detect လုပ်နိုင်မှာပါ။

                ဆက်လက်ပြီး မျိုးဆက်သစ် Notebook 9 Pro မှာ S Pen နည်းပညာအပြင် ပုံဆွဲခြင်း၊ Notes များ မှတ်သားခြင်း၊ Documents တွေကို Edit လုပ်ခြင်းများကို S Pen ဖြင့် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်စေဖို့အတွက် Samsung ရဲ့ Air Command Software လည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒါ့အပြင် S Pen ဟာ Windows Ink နဲ့လည်း တွဲဖက်အလုပ်လုပ်နိုင်တယ်လို့ Samsung က ဆိုထားပါသေးတယ်။

                ဒုတိယအချက်ကတော့ မျိုးဆက်သစ် Notebook Pro 9 ဟာ အရင်မျိုးဆက်တွေနဲ့မတူပဲ Lenovo ရဲ့ Yoga Laptop တွေမှာလိုမျိုး 360 Degree Hinge နှစ်ခု တပ်ဆင်ထားခြင်းကြောင့် Laptop အနေနဲ့ရော၊ Tablet အနေနဲ့ပါ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

                မျိုးဆက်သစ် Notebook 9 Pro ကို 13.3 in နဲ့ 15 in ဆိုပြီး မော်ဒယ်နှစ်မျိုး ခွဲခြားထားပြီး မော်ဒယ်လ်နှစ်မျိုးစလုံးအတွက် Intel Core i7 Kaby Lake Processor ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 13.3 in မော်ဒယ်လ်မှာ 8GB ရှိမှာဖြစ်ပြီး 15 in မော်ဒယ်လ်ကတော့ 16GB ရှိမှာ ဖြစ်ပါတယ်။

                ROM ကတော့ မော်ဒယ်နှစ်မျိုးစလုံးမှာ 256GB SSD ရရှိမှာပါ။ 13.3 in မော်ဒယ်လ်မှာတော့ Graphics Card မပါပေမယ့် 15 in မော်ဒယ်မှာတော့ AMD ရဲ့ Radeon 450 Graphics Card ပါဝင်မှာပါ။ Fast Charging နည်းပညာပါဝင်မယ့် USB-C Port ပါရှိသလို ရိုးရိုး USB Port နှစ်ခုလည်းပါမှာပါ။

                Security ပိုင်းအတွက် Windows Hello Camera ကိုလည်း ထည့်သွင်းပေးထားပြီး Facial Recognition နည်းပညာကိုပါ Support ပေးမှာဖြစ်ပါတယ်။ Samsung အနေနဲ့ မျိုးဆက်သစ် Notebook 9 Pro ကို မိတ်ဆက်ယုံသာ မိတ်ဆက်သွားခဲ့ပြီး ဘယ်နေ့တရားဝင်ရောင်းချမယ် ဈေးနှုန်းဘယ်လောက်ရှိမယ်ဆိုတာကိုတော့ မပြောကြားသွားပါဘူး။

References
The Verge
About Author
Assinged Tags
Samsung Windows Ink Windows Hello Camera Notebook 9 Pro S Pen Samsung Air Command
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed