Samsung ကနေပြီးတော့ Galaxy စမတ်ဖုန်း အသုံးပြုသူများအတွက် SoundAssistant App ကိုထုတ်လုပ်

date_range 30 May 2017

Samsung ကနေပြီးတော့ Galaxy စမတ်ဖုန်း အသုံးပြုသူများအတွက် SoundAssistant App ကိုထုတ်လုပ်

visibility 1200 Views

                Samsung Galaxy သမားတွေပဲ အသုံးပြုလို့ရမယ့် SoundAssistant App ကို Samsung ကနေ အသစ်ထုတ်လုပ် လိုက်ပါတယ်။ အတော်လေးလည်း အသုံးပြုလို့ ကောင်းတဲ့ အသံပိုင်းဆိုင်ရာ အတွက် Function စုံတဲ့ App လေးပါ။ စိတ်မကောင်းစွာနဲ့ပဲ ဒီ App ဟာ Samsung Galaxy စမတ်ဖုန်းတွေအတွက် Samsung ကနေ သီးသန့်ထုတ်လုပ်ထားတာဖြစ်ပြီး Android Nougat ပေါ်မှာပဲအလုပ်လုပ်မှာမို့လို့  တခြား Android Phone တွေမှာ လုံးဝ (လုံးဝ) သုံးလို့မရပါဘူး။


                SoundAssistant App နဲ့အတူ အသစ်ပါ၀င်လာတဲ့ Feature ကတော့ ကိုယ့်ဖုန်းရဲ့ Volume ခလုပ်ကိုနှိပ်တဲ့အခါမှာ Ringer Volume (ဖုန်း Ringtone အသံ အတိုး/အကျယ်) အစား Media Volume (သီချင်း၊ ဗီဒီယိုနဲ့ အခြား Media တွေကိုကြည့်တဲ့အခါမှာ ထွက်ပေါ်လာတဲ့အသံ အတိုး/အကျယ်) ကို ပြောင်းလဲသတ်မှတ်နိုင်မှာဖြစ်ပါတယ်။ App တစ်ခုချင်းစီကိုလည်း Volume သတ်မှတ်ပေးလို့ရတဲ့ “Individual app volumes” Feature ပါ၀င်လာမှာဖြစ်တာမို့ Facebook အတွင်းမှာ အသံတိုးထားချင်ပြီး YouTube မှာတော့ အသံကျယ်ကျယ် ထားချင်တဲ့သူ တွေအတွက် ခဏခဏ Volume ခလုပ်နှိပ်ပြီး ချိန်ညှိနေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာ ဖြစ်ပါတယ်။

                “Floating Equalizer” Feature လည်းပါ၀င်လာမှာဖြစ်ပြီး Volume အရေအတွက်ကို သာမန် ၁၅ ခုလောက်ကနေ အခုအခါ ၁၅၀ ထိသတ်မှတ်ပေးထားတာကြောင့် အသံ အတိုးအကျယ်ကို ပိုမိုထိန်းချုပ်လာနိုင်မှာပါ။ ဘယ်နေရာရောက်ရောက် Volume ခလုပ်နှိပ်စရာမလိုပဲ Floating Equalizer လေးနဲ့ ချိန်ညှိလို့ရတာကြောင့် Volume ခလုပ်မနာစေချင်တဲ့ Galaxy စမတ်ဖုန်းအသုံးပြုသူတွေ အတွက်အဆင်ပြေစေမှာပါ။ 


                တကယ်လို့သာ ကိုယ်ဟာနားကြပ်ကိုတစ်ဘက်ပဲ တပ်ထားလို့ရတဲ့ အခြေအနေမျိုးမှာ ဆိုရင်လည်း “Mono audio” Feature ပါ၀င်လာတာကြောင့် ဘယ်/ညာ ရွေးပြီး Stereo ကနေ Mono အဖြစ် ပြောင်းလဲ နားထောင်လို့ရလာမှာပါ။ “Scenarios” ဆိုတဲ့ Feature ကလည်း ကိုယ့်ဖုန်းရဲ့ Volume ကို Monday ကနေ Sunday အထိ နေ့တစ်နေ့ချင်းမှာလည်း ဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီအထိ အသံ အတိုး/အကျယ် လိုသလို Schedule ပေးထားနိုင်တာကြောင့် အလုပ်တက်နေရတဲ့ အချိန်မှာတော့ အသံတိုးထားပြီး အလုပ်ဆင်းချိန် မှာဆိုရင် အလိုလို အသံပြန်ကျယ်လာစေချင် တဲ့သူတွေအတွက် အထောက်အကူပြုမှာပါ။

                အခုလို Samsung Galaxy အသုံးပြုသူတွေအတွက် Samsung ကနေထုတ်လုပ်ပေးထားတဲ့ SoundAssistant App ကို ဒေါင်းလုပ်ဆွဲယူချင်တယ်ဆိုရင်တော့  Play Store Link ကနေ အလွယ်တကူ၀င်ရောက် ဒေါင်းလုပ်ရယူနိုင်ပါတယ်။

References
Android And Me
About Author
Assinged Tags
Samsung Google Android Google App Android App Google Play Store Android Phone Samsung Phone Google Play Sound Assistant Sound Assistant App
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed