Data GIFs လေးတွေကို အလွယ်တကူ ပြုလုပ်လို့ရမယ့် Google ရဲ့ Data GIF Maker

date_range 28 May 2017

Data GIFs လေးတွေကို အလွယ်တကူ ပြုလုပ်လို့ရမယ့် Google ရဲ့ Data GIF Maker

visibility 150 Views

via GIPHY

                ကမ္ဘာမှာလူသုံးအများဆုံး Search Engine လည်းဖြစ်၊ အခြားဝန်ဆောင်မှုတွေလည်း အများကြီးပေးနေတဲ့ Google ကတော့ နောက်ထပ် Tool အသေးစားလေးတစ်ခုကို ချပြလိုက်ပြန်ပါပြီ။

                အခုချပြလိုက်တဲ့ Tool လေးကတော့ ပျင်းစရာကောင်းတဲ့ Data နှိုင်းယှဉ်မှုဇယားတွေ၊ Graph တွေကို ပျော်စရာလည်းကောင်း၊ အမြင်လည်းလှအောင် GIFs လေးတွေ အဖြစ်ပြောင်းလဲပေးမယ့် Tool လေးပဲဖြစ်ပြီး မည်သူမဆို၊ မည်သည့်နိုင်ငံကမဆို အခမဲ့ သုံးစွဲလို့ရမှာလည်း ဖြစ်ပါတယ်။

                အခု Tool လေးကတော့ အသေးစား GIF Maker လေးဖြစ်တာကြောင့် နှစ်ခုထက်ပိုတဲ့ Data နှိုင်းယှဉ်မှုတွေတော့ လုပ်လို့ရမှာ မဟုတ်ပါဘူး။ Data နှစ်ခု (ဥပမာ Batman Vs Superman, Darkseid Vs Tharnos, Darth Vader Vs Obi-wan Kenobi) ကို နှိုင်းယှဉ်မယ်ဆိုရင်တော့ တော်တော်လေးကြည့်ပျော်ရှုပျော်ရှိတဲ့ GIFs လေးတွေ ရရှိမှာဖြစ်ပါတယ်။

via GIPHY

                ဒီ Tool လေးကို Develop လုပ်ခဲ့တဲ့ Team ကတော့

“ကျနော်တို့ ဒီ Tool လေးကို လုပ်ခဲ့တာဟာ Google Search မှာ ရှာဖွေမှုများတဲ့ Search Interest တွေကို နှိုင်းယှဉ်နိုင်ဖို့အတွက် လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Tool လေးဟာ Search Interest တွေတင်မဟုတ်ပါဘူး၊ Polling Numbers တွေ၊ Sales Figures တွေ၊ Movie Ratings တွေကိုလည်း နှိုင်းယှဉ်ပြသနိုင်မှာ ဖြစ်ပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

via GIPHY

                အသုံးပြုချင်တယ်ဆိုရင်တော့ ဒီလင့်ခ် ကိုအရင်သွားလိုက်ပါ။ ပြီးရင် Left Term နဲ့ Right Term မှာ ကိုယ်နှိုင်းယှဉ်ချင်တဲ့ အချက်အလက်လေးတွေဖြည့်ပါ။ အဲ့ဒီ့အချက်အလက်တွေနဲ့သက်ဆိုင်တဲ့ တန်ဖိုးကိုလည်း ဖြည့်စွက်ပါ။ ညာဘက်ထောင့်အပေါ်ဆုံးမှာ Button နှစ်ခုရှိပါတယ်။ မိမိပြုလုပ်ထားတဲ့ GIF ကို Download လုပ်ချင်တယ်ဆိုရင် DOWNLOAD AS GIF ကိုနှိပ်နိုင်ပြီး၊ Preview ကြည့်ချင်တယ်ဆိုရင်တော့ LAUNCH COMPARISONS ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

References
TechChrunch
About Author
Assinged Tags
Google
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed